30 C
Yangon

ဘားအံ-သထုံ ကားလမ်း၊ ဝါးဘိုးတောလမ်းခွဲရှိ စစ်ကောင်စီဂိတ် ဝင်ပစ်ခံရ၊ စစ်သား ၅ ဦးခန့် သေဆုံးနိုင်

Must read

ရန်ကုန်၊ ဧပြီ ၁၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-သထုံ ကားလမ်း၊ ဝါးဘိုးတောလမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီစစ်သားများ စခန်းချသော ဝါးဘိုးတောဂိတ်ကို ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၈ နာရီခန့်တွင် (စိစစ်ဆဲ) အဖွဲ့က ဝင်ရောက်ပစ်ခတ်ပြီး စစ်သား ၅ ဦးခန့် သေဆုံးနိုင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဘားအံ-သထုံ ကားလမ်းပေါ်က ဝါးဘိုးတောဂိတ် မနက် ၈ နာရီလောက်မှာ ဝင်ပစ်ခံရတယ်၊ အဲဒီဂိတ်မှာက စစ်သား ၈ ယောက်လောက်ရှိတယ်။ စစ်သား ၅ ယောက်လောက် သေနိုင်တယ်။ ၃ ယောက်ထွက်ပြေးသွားတယ်၊ ဘယ်အဖွဲ့က ဝင်ပစ်တာလဲတော့ မသိဘူး၊ ဒူးရင်းဆိပ်ဘက်က ရဲတွေ၊ စစ်သားတွေ ရောက်လာပြီ” ဟု ဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေအတွင်းတည်ရှိသည်။

ဝါးဘိုးတောလမ်းခွဲသည် ဘားအံမှ ကမမောင်း၊ ဖာပွန်သို့ ဆက်သွယ်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article