28 C
Yangon

မုံရွာတွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ ကျောမြို့တွင် စစ်ကောင်စီယာဉ် မိုင်းဆွဲခံရပြီး စစ်သား ၁၂ ဦး သေဆုံး၊ လေးကေစခန်းကို ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ပြီး စစ်သားသေဆုံးထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဧပြီ ၃၀



စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့ ဧပြီလ ၃၀ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ကင်းလှည့်နေသော အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

အရပ်ဝတ်ဖြင့်လှည့်လည်နေသော စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း Special Regional Attacks Forces-MWA အဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ မကွေးတိုင်း၊ ယောဒေသ၊ ကျောမြို့တွင် မီးရှို့ဖျက်ဆီးခံရသော သစ်တောဂိတ်ကို ကပစ ၂၃ မှ စစ်ကောင်စီတပ်ဖွဲ့များ FAW ကားဖြင့် လာရောက်စဉ် ယနေ့ ဧပြီလ ၃၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၁၂ ဦးသေဆုံး အများအပြားဒဏ်ရာရကြောင်း YDF က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် အစောပိုင်း ၄ နာရီခန့်တွင် ကျောမြို့အရှေ့ဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲသော သစ်တောဂိတ်ကို YDF တပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါဒေသဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က တောနင်းရှာဖွေမှုများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် YDF က အသိပေးထားသည်။

အလားတူ KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ လေးကေစခန်းကို KNDO နှင့် PDF တပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ယနေ့ နေ့လယ်ပိုင်းတွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများ ရှိကြောင်း သတင်းရရှိသည်။

ပြောက်ကျားသွားရောက်ပစ်ခတ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိပြီး ပူးပေါင်းအဖွဲ့မှ ၁ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article