30 C
Yangon

လေးကေ့ကော်တွင် စစ်ကြောင်းထိုးနေသော တပ်မ ၄၄ မှ တပ်သား ၂ ဦး ကော်ဘရာစစ်ကြောင်းထံ လာရောက်ခိုလှုံ၊ လက်နက်ပါလာသူကို သိန်း ၆၀ ချီးမြှင့်

Must read

ရန်ကုန်၊ ဧပြီ ၃၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသတွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ၊ ခမရ ၁ မှ တပ်သားမောင်ဇော်နှင့် တပ်သား ကျော်သူစိုးတို့ ၂ ဦးသည် KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းထံ ဧပြီလ ၂၈ ရက်နေ့တွင် လာရောက်ခိုလှုံလာကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်သား ၂ ဦးသည် ဧပြီလ ၂၈ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်းထံ ဆက်သွယ်ပြီး CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ MA4 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၄၀ မမ ကျည် ၈ လုံး၊ ကျည်ဆံ ၁၀၀ နှင့် အတူ လာရောက်ခိုလှုံခြင်းဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

MA4 သေနတ်နှင့်အတူ CDM လုပ်လာသော တပ်သား ကျော်သူစိုးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ချီးမြှင့်သော ငွေကျပ် သိန်း ၆၀ ပေးအပ်ခဲ့ပြီး တပ်သား မောင်ဇော်ကို ဘတ်ငွေ ၁၀,၀၀၀ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးဒါဘောက ပေးအပ်ခဲ့ကြောင်း၊ ၎င်းတို့နှင့်မိသားစုဝင်များ လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article