31 C
Yangon

သရက်ချောင်း မယ်ကဲရွာသား ဦးလင်းမောင်နှင့် ကိုအောင်သန်းဌေးတို့ကို စစ်တပ်က ပစ်သတ်၊ ပြည်သူပိုင် နေအိမ်များလည်း စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဧပြီ ၃

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တောင်ပျောက်နယ်ရှိ မယ်ကဲရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာသား ဦးလင်းမောင်နှင့် ကိုအောင်သန်းဌေးတို့ကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူပိုင် နေအိမ်များလည်း စစ်တပ်က မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး စစ်တပ် ရွာထဲ ဝင်ရောက်လာခြင်းကြောင့် ထွက်ပြေးရန် ပြန်ဆင်နေသော ဦးလင်းမောင်နှင့် ကိုအောင်သန်းဌေး တို့ကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရွာရှိ NLDပါတီ ဥက္ကဌဟောင်း ဦးစုကြိုင်၊ ဦးအုန်းမြင့်နှင့် ဒေါ်မေရီ နေအိမ်ရှိ ပစ္စည်းများကို ခိုးယူလုယက်ပြီး နေအိမ်၃လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် မီငြိမ်း သတ်မည့် သူမရှိသည့် အတွက် ကျန်လူနေအိမ်များပါ မီးကူးစက်လောက်ကျွမ်းခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် လက်ရှိအချိန်တွင် တောင်ပျောက်နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူ ၂၂ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကာ ကျေးရွာများတွင် တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article