23 C
Yangon

ကြည့်မြင်တိုင်တွင် စစ်တပ်က PDF ရဲဘော် ၇ဦးကို အင်အား ၁ဝဝကျော်ဖြင့် ပစ်ခတ် ဖမ်းဆီး ၁ဦးကျဆုံး

Must read

ရန်ကုန်၊ ဧပြီ ၃

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ထီးတန်းလမ်းနှင့် ဟုမ်းလမ်းတွင် Free Tiger Ranger တပ်ဖွဲ့ဝင် အမျိုးသား ၅ဦးနှင့် အမျိုးသမီး ၂ဦးတို့ကို အကြမ်းဖက် စစ်တပ်က အင်အား ၁ဝဝ ကျော်ဖြင့် မတ်လ ၂၆ ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ်ခန့်၌ ပစ်ခတ် ဖမ်းဆီးခဲ့ပြီး ၁ဦးကျဆုံးကာ ၆ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် စစ်ကား ၈စီး၊ အိမ်စီးကား များဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ယူနီဖောင်း ဝတ်စစ်သားများ၊ ရဲများနှင့် အရပ်ဝတ်များ အပါအဝင် အင်အား ၁ဝဝ ကျော်ခန့်ဖြင့် PDF တပ်ဖွဲ့ဝင်များ ရှိရာနေရာကို သေနတ်များ ပစ်ဖောက်ကာ စီးနင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” အရပ်ဝတ်တွေကော ရဲတွေကော စစ်သားတွေ အများကြီးပဲ ပစ်ဖမ်းတာပေါ့။ သူတို့ ဝင်မစီးနင်းခင် သေနတ်နဲ့ အရင်ပစ်လိုက်တယ်။ ပြီးမှ ဝင်ဖမ်းတာ ၅ဦးလောက် ဖမ်းခံရတယ်လို့တော့ကြားတယ်။ အင်အား ၁ဝဝကျော်ဆိုတာ ခန့်မှန်းတာပေါ့။ အဲထက်များနိုင်တယ်။ လမ်းတွေပိတ်ထားတဲ့ စစ်ခွေးတွေလည်းရှိတယ်။ သေနတ်ပစ်ခတ်တာကတော့ ကြားရတာပေါ့။ အပြန်အလှန် ပစ်တာမဟုတ်ဘူး။ အတွဲလိုက်ပစ်တဲ့ အသံ တစ်သံ တည်းပဲကြားရတာ ပစ်ပြီးဖမ်းတာဆိုတော့ တစ်ယောက် ထိသွားတယ် လို့တော့ကြားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး Free Tiger Ranger တပ်ဖွဲ့က ရဲဘော်၁ဦးကျဆုံးကာ အမျိုးသား ၄ဦးနှင့် အမျိုးသမီး၂ဦး ဖမ်းဆီးခံရကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article