ရန်ကုန်၊ ဧပြီ ၃
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်နေရာ ရေလည်ကျွန်းမြောက်ဘက်စစ်ကြောင်းကို PDF တပ်ပေါင်းစုကမိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်ဗိုလ်တစ်ဦးဒဏ်ရာရရှိကြောင်း မြင်းခြံအခြေစိုက် MGN 35 ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။
ဧပြီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၂၁ မိနစ်အချိန် ရေစကြိုမြို့နယ်၊ ရေလည်ကျွန်း ဘက်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်ကြောင်းတစ်ခုကို မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်းမှ MGN 35 ပျောက်ကျားတပ်ဖွဲ့၊ The Value of Young Men အဖွဲ့တို့က ဦးဆောင်ပြီး Myaung Fighter Defense Force ၊ PDF Taloke ၊ Chaung U Local Denfense Force နှင့်ဒေသတော်လှန်ရေးတပ်သာများ ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်သား ၂၀ ီဥးခန့်သည် မိုင်းကွင်းထဲသို့ ရောက်ရှိလာစေရန် တော်လှန်ရေးတပ်သားများ မျှားခေါ်ပြီး မိုင်းကွင်းထဲရောက်ရှိလာချိန် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦး လေပေါ် ပျံတက်သွားပြီး ၂ ဦး သေဆုံးသွားကြောင်း၊ အများအပြားထိခိုက်ဒဏ်ရာရရှိပြီး ဗိုလ်ကြီးတစ်ဦးကို စက်လှေဖြင့် အရေးပေါ် ပြန်ပို့ရကြောင်း သိရှိရသည်။
ဒေသကာကွယ်ရေးတပ်များက မိုင်းဆွဲခံရသော နေရာသို့ သွားရောက်စစ်ဆေးရာ အီနာဂါဗုံးသီး ၂ လုံး၊ MA ဘောက် ၃ ခု၊ ကပစ ၂၀၂၁ ထုတ် ၅ ဒသမ ၅၆ ကျည် ၅၂ တောင့်၊ အီကွေးမန့် ၁ ခု၊ ခါးပတ် ၂ ချောင်း၊ မိုးကာအဝတ် ၁ ထည်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။