21 C
Yangon

ရန်ကုန်၊ စမ်းချောင်းရှိ ဗိုလ်မှူးချုပ်တင့်ဆန်းနှင့် ဒေါ်သီတာသန်းမောင်ပိုင် TK House Restaurant တွင် စစ်တက္ကသိုလ် အပတ်စဉ် ၂၆ တွေ့ဆုံပွဲ ဗုံးခွဲတိုက်ခိုက်ခံရ ပြီး အရာရှိဟောင်းတချို့နှင့်စစ်သားတချို့ထိခိုက်သေဆုံးနိုင်

Must read

ရန်ကုန်၊ ဧပြီ ၃

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်းရှိ ဗိုလ်မှူးချုပ်တင့်ဆန်းနှင့် ဒေါ်သီတာသန်းမောင်ပိုင် TK House Restaurantတွင် စစ်တက္ကသိုလ် အပတ် စဉ် ၂၆ အရာရှိဟောင်း တွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းပြုလုပ်နေစဉ် ဗုံးခွဲတိုက် ခိုက်ခံရသဖြင့် ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ TK House ဆိုင်တွင် ဧပြီလ ၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်မှစတင် ၍ စစ်တက္ကသိုလ်အပတ်စဉ် ၂၆ ကျောင်းဆင်း အရာရှိဟောင်းများ တွေ့ဆုံပွဲကျင်းပနေစဥ် တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ပြီး စစ်တပ်မှတ်တမ်းရုံးမှ ဗိုလ်ချုပ် မန်းညို ဦးဆောင်သော Intake 26 အဖွဲ့က သောက်စားပျော်ပါးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“TK HOUSE အရှေ့မှာ ဗုံးခွဲခံရတယ်။ လူနာတင်ကားတွေရော၊ ရဲကားတွေရော စစ်ကားတွေရော ရောက်လာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးခွဲတိုက်ခိုက်ခံရသော TK House ဆိုင်မှာ ဗိုလ်မှူးချုပ်တင့်ဆန်းပိုင်ဖြစ်ပြီး သည် ၎င်းသည် စစ်တပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

လက်ရှိတွင် အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ကို မသိရှိရသေးဘဲ အသေးစိတ်အခြေအနေများ ဆက်လက်စုံစမ်းလျက်ရှိသည်။

ဓာတ်ပုံ- အာရှတော်ဝင်ဆေးရုံရှေ့၊ ပန်းလှိုင်လမ်းထိပ်တွင် TK HOUSE ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်ကား၊ ရဲကားများ ရောက်ရှိနေစဉ်။

Photo – CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article