22 C
Yangon

ဒဂုံမြို့သစ်မြောက်ပိုင်း ဗိုလ်မှူးဗထူးစျေး ပတ်ဝန်းကျင် MyTel တာဝါတိုင်အနီးတွင် စစ်တပ်နှင့်PDF အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ အနီးအနားမှ ပြည်သူများအားလုံး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဧပြီ ၄

ဒဂုံမြို့သစ်မြောက်ပိုင်း ဗိုလ်မှူးဗထူးစျေး ပတ်ဝန်းကျင် MyTel တာဝါတိုင်အနီးတွင် စစ်တပ်နှင့်PDF အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဒီနေ့မနက်ပိုင်း ၉ နာရီခန့်အချိန် မြောက်ဒဂုံ ဗိုလ်မှူးဗထူးစျေးအနီး MyTel တာဝါတိုင်စောင့် စစ်ကောင်စီတပ်သားတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များထံက သိရပါတယ်။

“ ပထမတစ်ချက် လက်လုပ်ဗုံးအသံအကျယ်ကြီးတစ်ချက်ကြားရတယ် နောက် တော့ စစ်သားတွေက ဗုံးပစ်တဲ့သူကို လိုက်ပစ်ပေမယ့် လွတ်သွားတယ်”လို့ သတင်းရစ်မြစ်တစ်ဦးကဆိုပါတယ်။

အခင်းဖြစ်ပွားပြီး ၁၅မိနစ်အကြာမှာတော့ စစ်ကား ရဲကားတွေရောက်ရှိလာပြီး လုံခြုံရေးအပြည့်နေရာယူထားကြပါတယ်။ လက်ရှိမှာတော့ အနီးအနားပတ်ဝန်းကျင်မှာနေထိုင်တဲ့ ပြည်သူတွေကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တာဝါတိုင်စောင့် စစ်ကောင်စီ တပ်သားတွေ ဗုံးပစ်ခံရပြီး ၄ဦးထက်မနည်း ဒဏ်ရာရပြီး သေဆုံးမှု မရှိ/ရှိကိုတော့ ရန်ကုန်ခတ်သစ်က အတည်မပြုနိုင်သေးပါဘူး။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားများ။

Photo- Agencies ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article