By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၆ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– ရန်ကုန်တက္ကသိုလ် နိုင်ငံရေး သိပ္ပံ ကျောင်းသူ မသဉ္ဇာထက်မိုးကို ပဲခူးမြို့ တရားရုံးကနေ မတ်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅-က နဲ့ ထောင် ၃ နှစ်ချမှတ် လိုက်တယ်လို့ ရန်ကုန် တက္ကသိုလ် ကျောင်းသား များသမဂ္ဂ ဆီကနေသိရပါတယ်။
– ကရင်နီပြည်နယ်ဘက်က သတင်းကိုဆက်ချင်ပါတယ်။ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ကဒါးလား ကျေးရွာ အနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ အကြား ဧပြီလ ၃ ရက် နဲ့ ၄ ရက်နေ့တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၅ က သတင်း ထုတ်ပြန်ထားပါတယ်။
– သင်တန်းဆင်းရဲဘော်တွေအနေနဲ့ အာဏာရှင်စနစ် အမြစ်ဖြတ်တွန်းလှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ အတူ ပူးတွဲ တိုက်ပွဲဝင်ကြဖို့ Pale Jokers PDFရဲ့ ဗိုလ်မဲလုံးက ပြောဆိုတိုက်တွန်းထား တဲ့သတင်းနဲ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။