33 C
Yangon

လက်နက်ခဲယမ်းထုတ်မည့်ပစ္စည်းအပြည့် တွဲကား ၃ စီးကို ဗိုလ်ကြီးတစ်ဦး အပါ အဝင် စစ်သား ၇ ဦးနှင့်အတူ ဖမ်းမိပြီး ဖမ်းမိသူများ သေဆုံးသွား၊ စစ်ရဟတ်ယာဉ်ဖြင့် ထိုးစစ်ဆင်ပြီး ပြည်သူများကို စစ်တပ်က သတ်ဖြတ်နေ

Must read

ရန်ကုန်၊ ဧပြီ ၇

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်လက် နက် ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုမည့် ကုန်ကြမ်းများ တင်ဆောင်လာသည့် တွဲကား ၃ စီးကို ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များက ယမန်နေ့ ဧပြီလ ၆ ရက်နေ့တွင် ဖမ်းဆီးလိုက်ပြီး ဖမ်းမိသော စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၇ ဦးလည်း သေဆုံးသွားကြောင်း သတင်းရရှိသည်။

“ကျနော်တို့ ပေါက် PDF တပ်ရင်း ၄၊ ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့က ဖမ်းဆီးလိုက်တာပါ။ သုံးပွင့် ဗိုလ် ၁ ယောက်နဲ့ အခြားအဆင့် ၆ ယောက်ပါတယ်၊ သေသွားပြီ။ သေနတ် ၇ လက်ရတယ်၊ လောလောဆယ် အဲဒီလောက်ပဲ ပြောလို့ရမယ်” ဟု ပေါက် PDF တပ်ရင်း ၄ က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်နက်ခဲယမ်းကုန်ကြမ်းပစ္စည်းများ တင်ဆောင်လာသော တွဲကား ၃ စီးသည် သရက်မြို့ အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) မှ ပေါက်မြို့ ကပစ ၂၄ သို့ လုံခြုံရေး စစ်သား ၇ ယောက်နှင့်အတူ ပို့ဆောင်ရန်လာစဉ် ဒေသကာ ကွယ် ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ကုန်ကြမ်းပစ္စည်းများကို မည်သို့ ပြုလုပ်ထားသည်ကို ဒေသကာကွယ် ရေးတပ်ဖွဲ့ ပေါက် PDF တပ်ရင်း ၄ က ဖြေကြားခြင်းမရှိပေ။

ယင်းနောက် ယနေ့နံနက်တွင် အကြမ်းဖက်စစ်ကောင်စီက တိုက်ခိုက်ရေးရ ဟတ် ယာဉ်များ မြေပြင်စစ်ကြောင်းများ အသုံးပြုကာ ပေါက်မြို့နယ်ကို အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

“Mi35p နဲ့ ကျွန်းရင်းရွာကို ပစ်တယ်၊ အဘိုးအို ၁ ဦး ဗိုက်ကို ထုတ်ချင်းပေါက်ပြီး သေတယ်၊ ၄ ယောက်လောက် ဒဏ်ရာရတယ်။ နောက် ခြေလျင် စစ် ကြောင်း ထိုးလာတဲ့ စစ်သားတွေက နတ်စင်ကုန်းရွာက် အမဲသားသည် ၂ ဦးကို ပစ်သတ်ပြီး ကောက်ရိုးပုံပေါ်တင်ထားခဲ့တယ်၊ ကျနော်တို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောက်ကျားနဲ့ပဲ ပြန်ခုခံနေတယ်၊ တိုက်ပွဲအခြေအနေတော့ ပြောလို့မရသေးဘူး” ဟု ပေါက် PDF တပ်ရင်း ၄ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- ဖမ်းမိသော လက်နက်ခဲယမ်းထုတ်ပစ္စည်းအပြည့်ပါ တွဲကား ၃ စီး။

(ဓာတ်ပုံများသည် ဒေသခံ PDF က ရိုက်ကူးထားခြင်းဖြစ်ပြီး ခေတ်သစ်၏ မူပိုင်မဟုတ်ပါ၍ မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article