By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၇ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ သေနတ်နဲ့ အပစ်ခံရတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဇော်မင်းထွန်းက မီဒီယာတွေကို တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
– သံတောင်မြို့၊ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစဲမြူရယ်ဟာ ဒီကနေ့မနက် အစောပိုင်းမှာ ရှင်းလင်းခံရတဲ့အပြင် သူ့ရဲ့အလောင်းကို လာရောက်ကောက်ယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မိုင်းခွဲခံရပြီး သံတောင်ရဲစခန်းမှုးအပါအဝင် ၆ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
– ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ အုပ်ချီရွာဘက်ကနေ မြို့လှရွာဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာတင် စက်လှေ ၂ စီး တိုက်ခိုက်ခံရပြီး ၂ စီးစလုံးနစ် မြုပ်သွားတဲ့သတင်းအပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။