35 C
Yangon

ရွှေဘို တအုံရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်ထွန်းနှင့် ပျူစောထီးအဖွဲ့ဝင် ရွှေနန်းတို့ ပစ်သတ်ခံရ၊ လောင်းလုံးတွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တအုံကျွေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျောက်ထွန်းနှင် ပျူစောထီး အဖွဲ့ဝင် ရွှေနန်းတို့ ယနေ့ ဧပြီလ ၇ရက်နေ့ မွန်းလွဲ ၂နာရီ ၃ဝမိနစ်ခန့်တွင် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း၌ Black Wolf တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ၂ဦးသည် အကြမ်းဖက် စစ်ကောင်စီထံ သတင်းပေးခြင်း၊ ကျေးရွာပြည်သူများအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်း၊ ကျေးရွာများအား မီးရှို့မည်ဟု ခြိမ်းခြောက်ခြင်း၊ ရွှေဘိုတက္ကသိုလ်အတွင်း တပ်စွဲထားသော စစ်ကောင်စီနှင့် ဆက်သွယ်ခြင်း၊ ကော့ရွာရှိ ပျူစောထီးများနှင့် ပူးပေါင်းခြင်း၊ လူသစ်စုဆောင်းခြင်းတို့ကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Black Wolf တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်နိုင်ဦး(ခ)နိုင်ဦးသည် ယနေ့ နံနက်၆နာရီခွဲအချိန် စျေးထဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အသက်၅၈နှစ်အရွယ် ဦးဇော်နိုင်ဦး(ခ)နိုင်ဦးသည် ၎င်း၏ဇနီးဖြစ်သူ ကို စျေးလာပို့စဉ် ပစ်ခတ်ခံရပြီး လည်ပင်းနှင့် ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာများဖြင့် ပွဲချင်း ပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“သူက အုပ်ချုပ်ရေးမှုးထက်တောင် စစ်ကောင်စီနဲ့ ပိုပိုင်တယ်။ ဒီဘက်ကစစ်တပ် တွေရဲတွေ ရဲ့လှုပ်ရှားမှုတွေမှာ တော်တော်များများ သူပါတယ်လေ”ဟု ညင်းမော်ရွာခံတစ်ဦးက ပြောသည်။

ဦးဇော်နိုင်ဦးသည် ကျေးရွာအရန်မီးသတ်အဖွဲ့ခေါင်းဆောင်လည်းဖြစ်ပြီး အရက် ဆိုင်ဖွင့်ပြီး လောင်းကစားဝိုင်းများ ထူထောင်နေသူလည်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရွှေဘိုမြို့နယ် တအုံကျွေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျောက်ထွန်းနှင် ပျူစောထီး အဖွဲ့ဝင် ရွှေနန်းတို့ ပစ်ခတ်ခံနေရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article