30.2 C
Yangon

မုံရွာမြို့နှင့် ရေးမြို့တို့တွင် စစ်တပ်ပိုင် Mytel ရုံးများ တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးဒဏ်ရာရ၊ ရေးမြို့ Mytel ရုံးဗုံးကွဲမှု ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နှင့် မွန်ပြည်နယ် ရေးမြို့နယ်တို့တွင် စစ်တပ်ပိုင် Mytel ရုံးများ တိုက်ခိုက်ခံရကြောင်း ဒေသ တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ဧပြီလ ၇ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် မုံရွာမြို့ ကျောက္ကလာမ်းပေါ်ရှိ Mytel ရုံးကို လုံခြုံရေးယူ ထားသော စစ်ကောင်စီတပ်ကို ဗိုလ်တုပ်လေးဦး ဆောင်ပြီး 79 သေနတ်ဖြင့် ၄၀ မမဗုံးသီး ထည့်ပြီး ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကို Unity Force Monywa နှင့် Brother Defense Force ညီနောင်တိုက်ခိုက်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

” ကျောက္ကာလမ်းMytelရုံးကို သူရဲကောင်းတစ်ဦးက သေနတ်နဲ့ ပစ်ခတ်တယ်။ Mytelရုံးမှာရှိတဲ့ ရဲခွေးတွေက ကျည်ဘောက်ကုန်အောင် ပြန်ပစ်ပြီး ထွက်ပြေးတယ်။ ဒဏ်ရာရရှိတဲ့ ရဲတပ်သားကို အရပ်ဝတ်ရဲနှစ်ယောက်က တွဲ၍ ကားပေါ်ခေါ်တင်သွားခဲ့ပါတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သုခရပ်ကွက်ရှိ မိုင်တဲလ်ရုံးကို ဧပြီ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် မိုင်းကွဲမှုတစ်ခု ဖြစ်ပေါ် ခဲ့ပြီး ဒေါ်သန်းတင် ၅၈ နှစ်(သန့်ရှင်းရေးလုပ်သား) သေဆုံးကြောင်း၊ ရုံးအတွင်းမှ အခြားလူ ၃ ဦးဒဏ်ရာရရှိသဖြင့် ရေးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- မုံရွာ Mytel ရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article