29 C
Yangon

ကလေးမြို့တွင် စစ်တပ်က သုံးဘီး ဆိုင်ကယ် ယာဉ်မောင်း ဦးဉာဏ်ထွန်းကို ပစ်သတ်

Must read

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်း ကလေးမြို့ ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၇ရက်နေ့ နံနက် ၇နာရီခန့်တွင် သုံးဘီးဆိုင်ကယ် ယာဉ်မောင်း ဦးဉာဏ်ထွန်းကို ပစ်သတ်ခဲ့ကြောင်း နယ်မြေခံ သတင်းရင်း မြစ်ဖြစ်သည့် ကနီသားများ၏ ရင်တွင်းအသံ အဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကလေးမြို့နှင့် ချင်းပြည်နယ် အစပ်ရှိ ခိုင်ကမ်း ကျေးရွာအနီးတွင် PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကလေးမြို့သို့ ပြန်လာကာ မြို့ပေါ်တွင် သေနတ်များ ရမ်းသမ်း ပစ်ခတ်စဉ် ဦးဉာဏ်ထွန်းကို ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးဉာဏ်ထွန်းသည် ကလေးမြို့ ချမ်းမြေ့အောင်စည် ရပ်ကွက်တွင် နေထိုင်သော သာမန်ပြည်သူ တစ်ဦးသာဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

Photo – ကနီသားများ၏ ရင်တွင်းအသံ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article