ရန်ကုန်၊ ဧပြီ ၇
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ ရွာနန်းကျေးရွာကို အင်အား ၁၀၀ ကျော်ရှိ တပ်မ ၃၃ စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး အဘွားအိုတစ်ဦးအပါအဝင် ပြည်သူ ၅ ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း၊ အိမ်ခြေ ၅၀၀ ခန့်ကိုလည်း မီးရှို့သွားသဖြင့် ပြာကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဧပြီလ ၇ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး တပ်မ ၃၃ စစ်ကြောင်းသည် ညောင်ငုတ်တိုဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရွာနန်းကျေးရွာကို ပစ်ခတ်ဝင်ရောက်လာပြီး နံနက် ၄ နာရီမှစတင်၍ ကျေးရွာတစ်ခုလုံးကို မီးတင်ရှို့ကြောင်း၊ အိမ်ခြေ ၆၀၀ ခန့်ရှိသည့်အနက်မှ အိမ်ခြေ ၅၀၀ ခန့်မီးတင်ရှို့ခံရ၍ မီးလောင်ပြာကျသွားကြောင်း၊ အဘွားအို ၁ ဦးအပါ အဝင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး အရှင် လတ်လတ် မီးရှို့သတ်ဖြတ်ခံရကြောင်း၊ အိမ်မွေးတိရိစ္ဆာန်များဖြစ်သည့် ဆိတ် ၃၇ ကောင်၊ နွားကောင်ရေ ၂၉ ကောင်၊ ဝက် ၁၆ ကောင်နှင့် ကြက်ခြံများ မီးထဲပါသွားကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။



