35 C
Yangon

PDF တပ်ဖွဲ့ဝင် ကိုစိုးဝင်းနိုင်(ခ) ခေါခေါ နှင့် မဖူးပွင့်ဖြူ(ခ)နော်ဖူး အပါအဝင် ၉ ဦးကို အကြမ်း ဖက်စစ်တပ်က ဖမ်းဆီး စစ်ကြောနေ

Must read

ရန်ကုန်၊ ဧပြီ ၈

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုစိုးဝင်းနိုင်(ခ) ခေါခေါ နှင့် မဖူးပွင့်ဖြူ(ခ)နော်ဖူး အပါအဝင် ၉ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး စစ်ကြောနေကြောင်း မြ၀တီမြို့နယ်ရဲသတင်းရပ်ကွက်ထံမှ သိရှိရသည်။

ဧပြီလ ၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီး ဖုန်းနိုင်ကျော် ၊ ဗိုလ်ကြီး အောင်ဖြိုးသူတို့ ဦးစီးသောအဖွဲ့၊ မြ၀တီမြို့နယ်မှူး ရဲမှူး မျိုးမင်းဇော် ၊ နယ်ထိန်းအရာရှိ ရဲအုပ် ဝင်းညွန့်အောင်တို့ ဦးစီးအဖွဲ့သောအဖွဲ့၊ BGF ၁၀၁၇ ဗိုလ်မှူး စောဒီးဒီး ဦးစီးအဖွဲ့တို့အဖွဲ့က မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းလမ်းနှင့် အောင်မြေ ရွှေဘုံလမ်းထောင့် ရှိ နေအိမ်ကို ဝင်စီးခဲ့ပြီး ကိုစောဝင်းနိုင်(ခ) ခေါခေါ၊ မဖူးပွင့်ဖြူ(ခ) နော်ဖူးတို့ အပါအဝင် ၉ ဦးကို ဖမ်းဆီးရမိကြောင်း ရဲကြေးနန်းက ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်က ကိုစိုးဝင်းနိုင်(ခ)ခေါခေါ ၊ မဖူးပွင့်ဖြူ(ခ)နော်ဖူး တို့ကို သင်္ကန်းညီနောင်တွင် ဖမ်း ဆီး ထိန်းသိမ်းထားပြီး စစ်တပ်မှ ဗိုလ်ကြီး ဖုန်းနိုင်ကျော်က စစ်ကြောနေကြောင်း၊ ကို ခိုင်ဇော်လင်း ၊ ကိုရဲဇော်ထွန်း(ခ)ဝတုတ် ၊ ကိုစောချမ်းမြေ့အောင်၊ ကိုပြည်သိမ်းထွဋ် ၊ကိုအာကာမင်း ၊ကိုရဲလင်းဦး (ခ) သားကြီး၊ ကိုနေလင်းထွန်း(ခ)ဝတုတ် တို့ကို မြ၀တီတွင် အကြမ်းဖက်စစ်တပ်က ဖမ်းဆီး စစ်ကြောလျက်ရှိကြောင်း ရဲ သတင်းရပ်ကွက်ထံမှ သိရှိရသည်။

ကိုစိုးဝင်းနိုင်(ခ) ခေါခေါတို့နှင့်အတူ ဆေးကုသရာတွင် အသုံးပြုသည့် ဆေးဝါးများ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများကို ဖမ်းဆီးရမိသည်ဟု ရဲကြေးနန်းတွင် ဖော်ပြထားချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article