29 C
Yangon

တန့်ဆည်-ရေဦးလမ်းပေါ်တွင် မိုင်းဆွဲခံရပြီး သုံးပွင့်အရာရှိ ၂ ဦးနှင့် ထွေအုပ် ၁ ဦး ထိခိုက်ဒဏ်ရာရ၊ ငဖဲ ရေယဉ်တောင်ကြောတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ စောင့်ကြိုတိုက်ခိုက်ခံရပြီး အကျအဆုံးများသဖြင့် တပ်ပြန်ဆုတ်သွား

Must read

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည်-ရေဦးလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို Phoenix Defense Force – TAZE က ယနေ့ ဧပြီလ ၈ ရက် နံနက် ၉ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အရာရှိ ၂ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်သည့်နေရာမှာ မေတ္တာမြိုင်ရပ်ကွက်၊ ရွှေဥယျာဉ်စားသောက်ဆိုင်များအနီးတွင်ဖြစ်ပြီး စစ်ကောင်စီလက်ပါးစေ ထွေအုပ် ၁ ဦး၊ ၃ ပွင့် အဆင့်ရှိ စစ်ဗိုလ် ၁ ဦး၊ သုံးပွင့် အဆင့် ရဲ ၁ ဦး လွင့်စင်သွားပြီး ထိခိုက်ဒဏ်ရာရသွားကြောင်း တန့်ဆည်မြို့နယ်၊ တပ်မဟာ ၂၊ တပ်ရင်း ၇၊ တပ်ခွဲ ၃ ဖြစ်သော Phoenix Defense Force က သတင်းထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း၊ ငဖဲမြို့အနောက်ဘက် (၁၆) မိုင်ခန့်အကွာရျိ ရေယဉ်တောင်ကြောတွင် ယမန်နေ့ ဧပြီလ ၇ ရက် နံနက် ၇ နာရီခွဲ၌ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို People’s Revolution Alliance (မကွေး) နှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများကြောင်း PRA-မကွေး ထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ကာပစ် ပစ်ကာ ပြန်လည် ဆုတ်ခွာသွားကြောင်း စစ်သား ထိခိုက်သေဆုံးမှုစာရင်းကို အတိအကျမသိရှိရသေးကြောင်း PRA-မကွေးက သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – People’s Revolution Alliance (PRA-မကွေး) တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article