25 C
Yangon

တောင်ကိုရီးယာနိုင်ငံ အူဆန်မြို့တွင် မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲ အလားအလာနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ခေါင်းစဉ်နှင့် ဆွေးနွေးပွဲ ပြုလုပ်

Must read

ရန်ကုန်၊ ဧပြီ ၈

တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့တွင် မြန်မာ့ ဒီမိုကရေစီရေးတိုက်ပွဲ အလားအလာနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ အခန်းကဏ္ဍခေါင်းစဉ်နှင့် ဆွေးနွေးပွဲတစ်ရပ်ကို ယနေ ဧပြီလ ၈ ရက်နေ့တွင် ပြလုပ်ခဲ့ကြကြောင့် အဆိုပါ ပွဲကို ဦးဆောင်ကျင်းပသူများထဲတွင်ပါဝင်သည့် ဒယ်ဂူးဆရာတော်က ရန်ကုန်ခေတ်သစ်သို့ မိန့်ကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တောင်ကိုရီးယားဘက်မှ ဆွေးနွေသူများက မြန်မာနိုင်ငံအနေနှင့် တစ်နှစ်ကျော်သည့်တိုင် တောင့်ခံနိုင်ကြသည့် အချက်ကို မေးမြန်းခဲ့ကြပြီး မြန်မာဘက်မှ ဒီမိုကရေစီ အရသာကို သိရှိပြီး ပြည်သူလူထု၏ ညီညွတ်မှုနှင့် တောင့်ခံနိုင်ကြခြင်းဖြစ်ပြီး ကိုရီးယားများအနေနှင့် ထောက်ပံ့ရေး၊ စည်းရုံးရေးအတွက် ကိုရီးယားရောက် မြန်မာများကို ကူညီရန်နှင့် အာဏာသိမ်းအစိုးရနှင့် လက်တွဲ အလုပ်မလုပ်ရန်၊ NUG အစိုးရကို ကိုးရီးယားအစိုးရအနေနှင့် အသိအမှတ်ပြုပေးဖို့ ပြန်လည် ဖြေကြားခဲ့ကြောင်း ဒယ်ဂူးဆရာတော်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article