ရန်ကုန်၊ ဧပြီ ၈
ရန်ကုန်မြို့တစ်နေရာတွင် ဗမာ့လူငယ်ကွန်ရက်မှ ဦးဆောင်၍ အကြမ်းဖက် ဖက်ဆစ် စစ်တပ်မှ ကျင်းပမည့် သကြန်မဏ္ဍပ်များ၊ ပွဲတော်များတွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် ရည်ရွယ်၍”ဖက်ဆစ်တန်ခူး ဒို့မမြူး” ဆိုသည့် ဘန်နာနှင့် ကြွေးကြော်သံကို ဟစ်ကြွေးကာ သပိတ်မှောက် ချီတက်ခြင်းကို ယနေ့ ဧပြီ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။



