ရန်ကုန်၊ ဧပြီ ၉
‘ဖက်ဆစ်သွေးနဲ့ ခြေဆေးကြ’ ဘန်နာကိုင်ဆောင်ပြီး စစ်အာဏာရှင်ချေမှုန်းရေး ဗကသမားအဖွဲ့ချုပ် အဖွဲ့ဝင် ကျောင်းသားရဲဘော်များသည် ယနေ့ ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန် တနေရာ၌ ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။
သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ ပျောက်ကြားသပိတ်ဖြင့် ဆန္ဒပြကြသည်။