25 C
Yangon

ဖရူဆိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီတပ်ဖွဲ့များ ချုံခိုတိုက်ခိုက်၊ စစ်သား ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၀

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့ကြား ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သိရှိရသည်။

ဒေါညေးခူနှင့် ထီးကလူဒေါကျေးရွာကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၅ က ချုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း၊ KNDF ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာကြောင်း KNDF တပ်ရင်း ၁၅ က သတင်းထုတ်ပြန်သည်။

ဧပြီလ ပထမတပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများတွင် စစ်သား ၁၅ ဦးထက်မနည်းသေဆုံးကြောင်း၊ KNDF ရဲဘော် ၁ ဦး ကျဆုံးကြောင်း KNDF ဗဟိုက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article