28 C
Yangon

မြန်မာနှစ်သစ်မှာ ပုစဉ်းဖမ်းပွဲ စပြီလို့ Area 21 ကြေညာ

Must read

ရန်ကုန်| ဧပြီ ၁၀

လူထုရဲ့ ကူညီမှုတွေကြောင့် Area 21 တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ RPG တွေ လက်ဝယ်ပိုင်ဆိုင်ထားပြီးဖြစ်လို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုယန္တရားကို အဓိကပစ်မှတ်ထားမယ်လို့ ကြေညာပါတယ်။

“RPG တွေကို အသုံးပြုပြီး ရန်သူအကြမ်းဖက် စစ်ကောင်စီရဲ့ လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို အဓိကထား ပစ်ချတိုက်ခိုက်သွားမှာဖြစ်လို့ “Area -21 ပုဇဉ်းဖမ်းပွဲကြီး” ကို ပြည်သူတွေ တွေ့မြင်ကြရတော့မယ်” လို့ Area-21 က ကြေညာပါတယ်။

Click to Donate (C2D) နဲ့ အခြားအလှူရှင်အသီးသီးက Area – 21 Revolution Network အတွင်း မြေပြင်တပ်ဖွဲ့တွေဆီ လှူဒါန်းခဲ့တဲ့ ထောက်ပံ့ငွေတွေနဲ့ ဝယ်ယူခဲ့တဲ့ ဒုံးပစ်လောင်ချာ (RPG) တွေဟာ ယခုအခါ သက်ဆိုင်ရာတပ်ဖွဲ့တွေရဲ့ လက်ဝယ်ကို ရောက်ရှိနေပြီလို့ ဖော်ပြပါတယ်။

နွေဦးမှာ ပိတောက်ပန်းတွေဝေဖို့ သင်္ကြန်မိုးကို လိုအပ်သလို နွေဦးတော်လှန်ရေး ဒီမိုကရေစီနောက်ဆုံးတိုက်ပွဲကြီး အောင်မြင်ဖို့လည်း ပြည်သူအများရဲ့ အထောက်အပံ့ကို လိုအပ်နေတာကြောင့် “Click” ကြဖို့ တတ်နိုင်ရာက ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ်စတဲ့ တိုက်ခိုက်ရေးယန္တရားတွေကို ဖျက်ဆီးတာ၊ သိမ်းဆည်းနိုင်တာမျိုးပြုလုပ်နိုင်ရင် အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၅ သိန်းအထိ ချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။

ဓာတ်ပုံ-Area 21 Revolution Network

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article