30 C
Yangon

သရက်မြို့အခြေစိုက် ခလရ ၄၄ နှင့် ကပစ ၁၂ မှ စစ်သည်များ သေဆုံးမှုများ နေ ၍ ကျန်ရစ်သူမိသားစုနှင့် တပ်မိသားစုများကို အပြင်ထွက်ခွင့်ပိတ်ပင်ထား၊ မင်း လှတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၂

မကွေးတိုင်း၊ သရက်မြို့နယ်အခြေစိုက် ခလရ ၄၄ နှင့်ကပစ ၁၂ မှ စစ်သည်များ ရှေ့တန်းတွင် သေဆုံးမှုများ ရှိနေသည့်အတွ့် ကျန်ရစ်သူ မိသားစုများ၊ တပ် တွင်း မိသားစုများကိုအ ပြင်ထွက်ခွင့် ပိတ်ပင်ထားကြောင်း ဒေသ တပ် သတင်း ရင်းမြစ်များက ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် မင်းလှမြို့နယ်၊ ဒဟတ်ပင်/ ဇီးတော အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ အဆို ပါ စစ်သား ၂ ဦးမှာလည်း ကပစ ၁၂ မှဖြစ်ကြောင်း၊ အလားတူ ဧပြီလ ၆ ရက် နေ့ မကွေးတိုင်းပေါက်မြို့နယ်တွင် တွဲကား ၃ စီးနှင့် ဖမ်းမိသော ဗိုလ်ကြီး ၁ ဦးနှင့် စစ်သည် ၆ ဦးမှာလည်း ကပစ ၁၂ မှဖြစ်ပြီး ၇ ဦးလုံး သေဆုံးသွား ကြ ကြောင်း သိရှိရသည်။

“ခလရ၄၄ က တပ်မိသားစုကို ဒီရက်ပိုင် တပ်ပြင်ပ မထွက်ဖို့ တပ်ကနေ ဧပြီ လ ၁၁ ရက်နေ့ မနက်မှာ ခေါ်ယူသတိပေးတယ်။ သရက်က ခလရ၄၄ တပ်ရင်း အပြင် ကပစ ၁၂ ပါ ပါတယ်။ ကပစ ၁၂ က ဟိုတနေ့က ကား၃စီး နဲ့ ကပစ၁၂ လူ ၇ယောက် ကျသွားတာရှိတယ်။ မင်းလှနယ်မှာ ၂ယောက် ကျတာလည်း ကပစ၁၂ ကပဲ” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ရှေ့တန်းတွင် အရာရှိနှင့်စစ်သည်များ သေဆုံးမှု အလွန်များပြား လာ သည့်အတွက် တပ်တွင်း မကျေနပ်မှုများ ဖြစ်ပေါ်လာနေကြောင်း၊ ကျန် ရစ်သူမိသားစုများကိုလည်း တပ်တွင်းမှ ထွက်ခွာခွင့်မပေးသည့်အပြင် အခြား ရှေ့တန်း ထွက်စစ်သည်များ၏ မိသားစုများကိုလည်း တပ်ပြင်ထွက်ခွင့်မပေးဘဲ ပိတ်ပင်ထား ကြောင်း၊ တပ်တွင်းမှ မကျေနပ်မှုများ အပြင်သို့ ပေါက် ကြား မည် ကို စိုးရိမ်သည့်အပြင် မိသားစုများ ထွက်ပြေးမည်ကိုလည်း အထက် အရာ ရှိ များက စိုးရိမ်နေကြကြောင်း သိရှိရသည်။

“တပ်ပြင်ထွက်ခွင့်မပေးတာက တပ်မှာ တစ်ခုခု အရေးပေါ်ဖြစ်လာရင် ပိတ် တာပဲ။ အခုကတော့ တပ်ထဲမှာလည်း မကျေနပ်တာတွေ အတော်ကို ဗလောင် ဆူနေကြပြီ။ သေတာတွေကလည်း ထိန်းမနိုင် သိမ်းမရ သေနေကြတာ။ ရှေ့ တန်းက ပြန်လာနိုင်သူကလည်း အတော်နည်းတော့ အတော်ကို ထိန်းရ သိမ်းရ ခက်တဲ့ အနေအထားဖြစ်နေတာ။ ဒါကြောင့် တပ်ပြင်ထွက်ခွင့်ပိတ်တာတွေ ဖြစ်လာတာ” ဟု တပ်သတင်းရင်းမြစ် တစ်ခုက ရန်ကုန် ခေတ်သစ် သတင်း ဌာန သို့ ပြောဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ခေါင်းဆောင် များ သည် တပ်နယ်များသို့ သွားလာ၍ တပ်မပြိုကွဲရေး စည်းရုံးဟောပြောမှုများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်သားတစ်ဦး။
Photo- Agencies

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article