ရန်ကုန်၊ ဧပြီ ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတားဦး ရပ်ကွပ် ဆွမ်းလောင်းဇရပ် လမ်းဆုံတွင် ပြည်သူများထံမှ ဂိတ်ကြေးများအဆမတန်ကောက်ခံနေသည့် ဒုရဲအုပ် တစ်ဦးနှင့် ရဲတစ်ဦး ပစ်ခတ်ခံရပြီး ဒုရဲအုပ်မှာ ပွဲချင်းပြီး သေဆုံး သွား ကြောင်း သိရှိရသည်။
ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲနှင့် ၁ နာရီအကြားတွင် အဆိုပါ ဂိတ်ကြေး ကောက်ခံနေသော စခန်း ပစ်ခတ်ခံရပြီး ဒုရဲအုပ်မှာ ကျည် ၉ ချက်ထိမှန်၍ သေ ဆုံးသွားကြောင်း၊ အခြားရဲတစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိပြီး သေဆုံး သွားပြီးဟု သတင်းထွက်ပေါ်နေသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။
“ဒုရဲအုပ်တစ်ဦးကတော့ ပွဲချင်းပြီးသေတယ်။ နောက်တစ်ဦးကတော့ ဒဏ်ရာ ရသွားတာ။ အတော်ပြင်းတယ်။ သေပြီးလို့လည်းပြောတယ်။ လာပစ်တဲ့သူကို ပြန် ပစ်ပေမယ့် ပစ်တဲ့သူတွေ ဘေးကင်းတယ်” ဟု ဒေသခံတစ်ဦးက ပြော ဆိုသည်။