26 C
Yangon

ရန်ကုန်တွင် “မြူမှောင်ဝေကင်းအနာဂတ်လင်းမှ ဒီအတာတန်ခူး ဒို့ပြန်ကြူးမယ်” ကြွေးကြော်သံဖြင့် သပိတ်မှောက်

Must read

ရန်ကုန်၊ ဧပြီ ၁၂

ယနေ့တွင် လူငယ်များက “မြူမှောင်ဝေကင်းအနာဂတ်လင်းမှ ဒီအတာတန်ခူး ဒို့ပြန်ကြူးမယ်” ဟူသောဘန်နာအားကိုင်ဆွဲကာ ပျောက်ကြားချီတက်ဆန္ဒပြခဲ့ကြသည်။ ပြည်သူများအနေဖြင့် တိုင်းပြည်အနာဂတ်မှောင်မိုက်နေချိန်တွင် ပြည်သူလူထုများအနေဖြင့် စစ်အုပ်စုမှ ဝါဒဖြန့်ချီရန် စီစဉ်ကျင်းပမည့် အတုယောင်သကြင်္န်အား ပူးပေါင်းဆင်နွှဲခြင်းမပြုရန်၊တိုက်တွန်းလိုက်သည်။

ထို့အတူ ရန်ကုန်မြို့မှတော်လှန်ရေးအင်အားစု များမှ“Revolution Is Not A Festival” “တော်လှန်ရေးသည်ပွဲတော်မဟုတ်” ဟူသောစာသားနှင့်အတူ စစ်ကောင်စီမှကျင်းပသော လူထုအားအခြေမပြုသည့် သကြင်္န်ပွဲအား ဝင်ရောက်ပါဝင်ဆင်နွှဲခြင်း မပြုကြပါရန် ပူးတွဲထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကြေငြာထားသည်။ ထိုထုတ်ပြန်ချက်တွင်ပါရှိသည့်အတိုင်း ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ထိစပ်စီးပွားရေးအရ အခွန်ငွေများပေးဆောင်ကာ လူငယ်များတော်လှန်ရေးအာရုံထွေပြားစေမည့် ပျော်ပွဲရွှင်ပွဲများဖြစ်သည့် Bar များ၊ Club များ၊ မဏ္ဍပ်များနှင့် Music Festival များပြုလုပ်လျက်ရှိသော ခရိုနီအသိုင်းဝိုင်း၊ စီးပွားရေးသမားများ၊ စစ်ကောင်စီ၏ ဖန်တီးသင်္ကြန်ကို ဝိုင်းဝန်းအားပေးအားမြှောက်ပြုလုပ်မည့် ရေပေါ်ဆီဘောမ အနုပညာရှင်များအားလည်း ဆန့်ကျင့်သပိတ်မှောက်ကြရန် ကျွန်ုပ်တို့အနေဖြင့် အထူးထပ်မံတိုက်တွန်းလိုက်ရသည်။

ယနေ့ပျောက်ကြားသပိတ်စစ်ကြောင်းအား Yangon Revolution Force – YRF (Soft Strike Community)၊ Kyimyintine Youths Strike Committee ၊ Revolution Force – RFနှင့် ရန်ကုန်မြို့မှတော်လှန်လူငယ်များက ချီတက်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article