33 C
Yangon

ရွာငံတွင် ဖမ်းဆီးထားသော နိုင်ငံရေးအချုပ်သား ကိုကျားပေါက်ကို စစ်တပ်က မိုင်းခွဲ သတ်ဖြတ်

Must read

ရန်ကုန်၊ ဧပြီ ၁၂

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြိုနယ် ရွာမရပ်ကွက်တွင် ဖမ်းဆီးထားသော နိုင်ငံရေးအချုပ်သား ကိုကျားပေါက်ကို စစ်တပ်က မိုင်းခွဲ သတ် ဖြတ်လိုက်ကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

စစ်တပ်က မိုင်းခွဲသတ်ဖြတ်၍ သေဆုံးသူ ကိုကျားပေါက်သည် ရွာငံမြို မြိုကုန်းရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး လွန်ခဲ့သည့်တစ်လခန့်ကတည်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်ကြောင်း၊ အဆိုပါချိတ်ပိတ်ထားသောနေအိမ်တွင် စစ်ကောင်စီက စခန်းချနေထိုင်နေပြီး ၎င်းတို့ဖမ်းဆီးထားသူများအား စစ်ကြောရေးအသွင် ချုပ်နှောင်စစ်ဆေးနေသည်မှာ အတော်ကြာပြီဖြစ်ကြောင်း၊ ထိုအိမ်တွင် မိုင်းထောင်၍ အချုပ်ခံထားရသူ ကိုကျားပေါက်ကို ဝင်ရောက်ရှင်းလင်းစေခြင်းဖြင့် မိုင်းပေါက်ကွဲကာ သေဆုံးစေခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ချိတ်ပိတ်ထားသောအိမ်ကို အိမ်ပိုင်ရှင် ခိုးဝင်ခဲ့လျှင် မိုင်းပေါက်ကွဲထိမိစေရန်အတွက် ရှော့တိုက်မိုင်းထောင်ထားကြောင်း၊ ထိုအိမ်ထဲသို့ အချုပ်သား ကိုကျားပေါက်ကို ရှေ့မှဝင်စေကာ မိုင်းပေါက်ကွဲ၍ အသေခံခိုင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ရနဲကျေးရွာအုပ်စု မင်းပလောင်ရွာတွင်လည်း ဧပြီ ၁၁ ရက်နေ့ စစ်ကြောင်းနှစ်ကြောင်းဖြင့် PDFများကိုတောနင်းရှာဖွေခဲ့ပြီး ညဘက်အချိန်တွင် မင်းပလောင်ရွာအတွင်းမှ လူငယ်(၁၀)ဦးထက်မနည်းကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article