25 C
Yangon

ကော့ကရိတ်-မြဝတီအာရှလမ်းတွင် ယနေ့နံနက်အစောပိုင်း ကား ၃ စီးနှင့် ဆိုင်ကယ် ၁ စီး မီးလောင်၊ စစ်ကောင်စီတပ်နှင့် KNLA တိုက်ပွဲဖြစ်နေဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမ၊ တောနော်ရေတံခွန်အနီးတွင် ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၆ နာရီခွဲခန့်တွင် ၁၀ ဘီးကား ၁ စီးအပါအဝင် ကား ၃ စီးနှင့် ဆိုင်ကယ် ၁ စီး မီးလောင်ပျက်စီးကြောင်း သတင်းရရှိသည်။

အဆိုပါ တောနော်ရေတံခွန်အနီး ဆိပ်ဖူးကုန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဆိပ်ဖူးကုန်းမှာတော့ ပစ်နေကြပြီ၊ ကား ၃ စီး မီးလောင်တယ်လို့လည်း ပြန်ဆင်းလာတဲ့သူတွေ ပြောတယ်။ အရှို့ခံရတာလား လက်နက်ကြီးမှန်တာလား ဆိုတာ ဘာမှ မသိရသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

လက်ရှိတွင် တောနော်ရေတံခွန်အနီး ဖြစ်ပွားနေသော တိုက်ပွဲအသေးစိတ်နှင့် ကားများ မီးလောင်ရသည့်အကြောင်းအရင်းကို ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျှက်ရှိသည်။

ဓါတ်ပုံ – တောနော်ရေတံခွန်အနီး မီးလောင်ပျက်စီးသွားသော ၁၀ ဘီးကား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article