25.1 C
Yangon

ပေါက်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာနှင့် ကိုင်းမ ကျေးရွာများ ရွာလုံးကျွတ် မီးရှို့ခံနေရ

Must read

ရန်ကုန်၊ ဧပြီ ၁၃

မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်တောင်ပိုင်းရှိ သက္ကယ်ကျင်းကျေးရွာနှင့် ကိုင်းမကျေးရွာတို့ ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်၍ မီးရှို့ခံနေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“သက္ကယ်ကျင်းကျေးရွာလည်း မီးရှို့ခံနေရတယ်။ မီးများတယ်။ စစ်ခွေးတွေ ရှို့နေတာ။ ကိုင်းမရွာလည်း မီးရှို့ခံနေရတယ်။ ဒီနေ့ မနက်၉ နာရီကျော်လောက်က စရှို့တာဗျ။ သက္ကယ်ကျင်းရွာ အရှေ့ ပိုင်းနဲ့ အလယ်ပိုင်းကို စရှို့တာ။ ခုထိမီးမငြိမ်းသေးဘူး။ ခုကိုင်းမပါ ဆက်ရှို့နေပါပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ပေါက်မြို့နယ်တောင်ပိုင်း သက္ကယ်ကျင်းကျေးရွာကိုစစ်ကောင်စီမှမီးရှို့ဖျက်ဆီးနေပြီး မီးလောင်ကျွမ်းနေသည့် အိမ်ခြေအရေတွက်ကို မသိရသေးကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“ပေါက်မြို့နယ် အနောက်တောင်ပိုင်း သက္ကယ်ကျင်းကျေးရွာကို တစူး ကိုင်းမ မှ လာသော စကစတပ် (စခ)များ မီးရှို့ နေပါတယ် ။ရွာအရှေ့ အလယ်ပိုင်း(ရုံးနား)က စပြီး မီးရှို့နေတာ လို့ သိရပါတယ်။ ပျက်စီးမှု‌ကို‌တော့ အသေးစိတ်မသိရသေးပါဘူး” ဟု Pauk Alliance Groupက သတင်းထုတ်ပြန်သည်။

အလားတူ ဧပြီလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၄၉ မိနစ်အချိန် မကွေးတိုင်း၊ပေါက်မြို့နယ် တောင်ပိုင်း၊လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်များမှ ဒုတိယအကြိမ် မီးရှို့နေကြောင်း၊ လက်ပံလှရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များက ရွာကိုနေ့စဉ် မီးရှို့လျက်ရှိပြီး ယနေ့တွင် ဒုတိယအကြိမ်မြောက် မီးရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article