ရန်ကုန်၊ ဧပြီ ၁၃
သင်္ကြန်အကြိုနေ့ဖြစ်သည့် ယနေ့ ဧပြီ ၁၃ ရက်နေ့တွင် စမ်းချောင်းပင်ပသပိတ် စစ်ကြောင်း SC လူငယ်များနှင့် အလုပ်သမားတပ်ပေါင်းစု LA လူငယ်များက အကြမ်းဖက် ဖက်ဆစ် စစ်တပ်အောက်တွင် ပြည်သူအများ ဖိနှိပ်မှု၊ မတရားမှုများ နေ့စဉ်နှင့်အမျှ ခံစားနေရကြောင်း၊ စစ်အာဏာရှင် မကျဆုံးသေးသရွေ့ မည့်သည့်ပွဲတော်မျှသည် ပြည်သူကို အခြေမပြု ကိုယ်စားမပြုကြောင်း၊ တောထဲ ရှိ ရဲဘော်များ၊ CDM , ထောင်တွင်းရဲဘော်များနှင့် စစ်ဘေးရှောင်များ အောင်ပွဲဆင်နိုင်မှသာ ပြည်သူများက သင်္ကြန်ပွဲတော်ကို ဆင်နွဲသွားမည် ဖြစ်ကြောင်း ဖော်ပြသည့် အတာအိုးကမ်းပိန်းကို ပြုလုပ်ခဲ့ကြသည်။



