25.7 C
Yangon

သင်္ကြန်အကြိုနေ့ မုံရွာမြို့ပေါ် ကင်းလှည့်နေသော ရဲကားကို PDF လိုက်လံပစ်ခတ်၊ ကားဘီးပေါက်ပြီး ရဲတစ်ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်တွင် ယနေ့ သင်္ကြန်အကြိုနေ့ ကင်းလှည့်နေသော စစ်ကားကိုPDF အဖွဲ့က လိုက်လံပစ်ခတ်သဖြင့် ကားဘီးပေါက်ပြီး ကားပေါ်ရှိ ရဲတစ်ဦး သေဆုံးသွားကြောင်း Monywa The Boys အဖွဲ့က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၃ ရက်နေ့ နံနက် ၈ နာရီဝန်းကျင် မုံရွာမြို့ အာဇာနည်လမ်းပေါ်တွင် ကင်းလှည့်နေသော ရဲကားကို မုံရွာ PDF အဖွဲ့ က လိုက်ပစ်ခတ်ကြောင်း၊ ကားပေါ်တွင် ရဲ ၂ ဦး ပါရှိပြီး ၁ ဦးသေဆုံးကြောင်း၊ ကျန်ရဲ ၁ ဦးက ပြန်လည် ပစ်ခတ်ကြောင်း၊ ရဲကားမှာလည်း ဘီးပေါက်ပျက်စီးသွားကြောင်း သိရှိရသည်။

” Monywa The Boys ” မုံရွာ ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂, အထူးကွန်မန်ဒိုတပ်ဖွဲ့က
” မြို့ပြည်သူများအနေဖြင့် အသွားအလားဆင်ခြင်ပေးရန်နှင့် mission လုပ်နေချိန်တွင် ရပ်ကြည့်ခြင်း ထွက်ကြည့်ခြင်းများ မပြုလုပ်ကြဖို့ ကြေညာချက်တွင် သတိပေး တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article