ရန်ကုန်၊ ဧပြီ ၁၄
ရန်ကုန်တိုင်း၊ လှိုင်သာယာတွင် စစ်ကောင်စီခန့် ၁၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စစ်တပ်ထောက်ခံသူများ မဏ္ဍပ် ဗုံးပစ်ခံရပြီး လူ ၁ ဦးထိခိုက်ကြောင်း သိရှိရသည်။
ယနေ့ ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၄ မိနစ်အချိန်တွင် လှိုင်သာယာမြိုနယ် ၁၀ ရပ်ကွက်ရုံးအနီးနား စစ်ကိုင်းလမ်း ၊အားမာန်မှတ်တိုင်အနီး မဏ္ဍပ်တစ်ခုတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ဒလန်များက အများပြည်သူများ စိတ်အနောက်အယှက်ဖြစ်အောင် မူးရူးကခုန်နေသဖြင့် YGN PDF ၊ Burma Dragon Army၊ SRF၊ Free Tiger Rangerတိုပူးပေါင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မဖောက်ခွဲမီ ရေကစားခြင်းအား ရပ်တန့်ကြရန် အသိပေးခဲ့သော်လည်း မလိုက်နာကြကြောင်း သိရှိရသည်။
“လူ ၁ ဦးတော့ ထိသွားတယ်လို့ကြားပါတယ်။ ရပ်ကွက် မဏ္ဍပ်လို လုပ်ပြီး မူးရူးနေကြတာ။ ဆောင်းဘောက်စ်ကြီးတွေနဲ့ နေ့ရော ညရော ရပ်ကွက်နားမခံနိုင်အောင် သီချင်းတွေ ဖွင့်နေကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ဧပြီလ ၁၄ ရက်နေ့ ညနေ၄ နာရီဝန်းကျင် ဒဂုံမြို့သစ်တောင်ပိုင်း တောင်မြောက်လမ်းဆုံရဲစခန်းကို YC အဖွဲ့က ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ယမန်နေ့ညပိုင်း ညနေ ၆ နာရီ ၃၀ မိနစ်မှ ည ၉ နာရီ ၃၀ မိနစ် အထိ လက်ပစ်ဗုံးများဖြင့် မြ၀တီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲခဲ့ရာတွင် စစ်တပ်က စနိုက်ပါဖြင့် ပြန်လည်ပစ်ခေတ် ခဲ့ ကြောင်း၊ ယင်းနောက် ဆည်မြောင်ရုံး လမ်းဆုံ၊ ပေ (၈၀)လမ်းထိပ်၊မေတ္တာလမ်းထိပ်နှင့် ဘုရင့်နောင်လမ်းထိပ်တွင် စစ်ဆေးမှုများလုပ်နေသော စစ်ကောင်စီတပ်များကို Unity Force Monywa, Brother Defnse Force နှင့် Monywa Death Killer Groupက ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း Unity Force မုံရွာ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်၊ တောင်မြောက်လမ်းဆုံရဲစခန်း။



