ရန်ကုန်၊ ဧပြီ ၁၅
မန္တလေးတွင် “အပျော်သင်္ကြန်ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန်ပြည်သူ့အသံ” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဖြုတ်ချရေး ယနေ့ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် ချီတက် သပိတ်မှောက် ကြသည်။
မဟာသင်္ကြန်အကြတ်နေ့တွင် မန္တလေးလူထုနှင့်အတူ မန္တလေးသပိတ်အင်အားစုက “အပျော်သင်္ကြန်ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန်ပြည်သူ့အသံ” ကြွေးကြော်သံဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံရေး အမြတ်ထုတ် အတုအယောင်အပျော်သင်္ကြန်ကို ဆန့်ကျင်သပိတ်မှောက်ကြရန် နိူးဆော်သည်။
“ပေတရာပေါ်မှာစီးတဲ့သွေးကို သင်္ကြန်ရေနဲ့မဆေးကြော” ဟစ်ကြွေးကာ ဒီမိုကရေစီအရေးတွင် ကျဆုံးသွားခဲ့ရပါသော အာဇာနည်သူရဲကောင်းများအတွက် အတုအယောင်အပျော်သင်္ကြန်ကို သပိတ်မှောက်ပြီး တော်လှန်သင်္ကြန် လှုပ်ရှားမှုများတွင် ပါဝင်ပေးကြရန် ပြည်သူများကို တိုက်တွန်းကြသည်။
Photos – MRS, Simple Light