25 C
Yangon

စစ်ကောင်စီ၏ဒလမြို့နယ် ဗဟိုသင်္ကြန်မဏ္ဍပ်တွင် စစ်တပ်နှင့်ရဲ ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်၊ မဏ္ဍပ်ဖြုတ်သိမ်း

Must read

ရန်ကုန်၊ ဧပြီ ၁၅

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ မြို့နယ် ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်း စစ်တပ်နှင့်ရဲ ရန်ဖြစ်ပြီး ပစ်ခတ်ဖြစ်ပွားသဖြင့် မြို့နယ်သင်္ကြန်မဏ္ဍပ်ကို ဖြုတ်သိမ်းလိုက်ရကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

“ဒီနေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်မှာ ဒလမြို့နယ် ဗဟိုမဏ္ဍပ် စစ်သားနဲ့ရဲအချင်းချင်းစကားများရန်ဖြစ်ကြတယ်။ ပစ်ခတ်မှုဖြစ်တယ်။ သေနတ်သုံးချက်ဖောက်တယ်။ ရဲစခန်းနဲ့ စစ်တပ် တပ်စွဲထားတဲ့ သီရိဇေယျနော်ရထာခန်းမ မျက်နှာခြင်းဆိုင်ဖြစ်နေတော့ အချင်းချင်း ပစ်ခတ်ဖို့ တာစူနေကြတာ။ အချင်း ချင်းဆော်တော့မယ်သဘောတွေဖြစ်ကုန်တာ။ မူးပြီး ရန်ဖြစ်တာလို့ ပြောတယ်” ဟု ဒလသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်တပ်နှင့်ရဲ ရန်ဖြစ်မှုကြောင့် ဒလမြို့နယ် ဗဟိုမြို့နယ် သင်္ကြန်မဏ္ဍပ်ကို ဖြုတ် သိမ်းလိုက်ပြီး စစ်သား အများအပြား အစောင့်ချထားကြောင်း သိရှိရသည်။

“သင်္ကြန်မဏ္ဍပ်ဖြုတ်လိုက်ပါပြီ။ မနက်ဖြန် မရှိတော့ဘူး။ မဏ္ဍပ် ဖြုတ်သိမ်းလိုက်တာက ခု ညနေ မှ ဖြစ်တာစစ်သား တွေ ထိပ်မှ အများကြီး စောင့်နေကြတယ်” ဟု အခြားဒလမြို့ခံ သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နေ့လယ်ပိုင်း မြင်ရသည့် ဒလမြို့နယ် ဗဟိုသင်္ကြန်မဏ္ဍပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article