24 C
Yangon

မြစ်ကြီးနား လမ်းလျှောက် သင်္ကြန်တွင် ယနေ့ညနေ သေနတ်ပစ်ဖောက်မှုမှာ စစ်သားနှင့်ရဲများ မူးရူးကခုန်ရာမှ ကျည်ပေါက်ထွက်ခြင်းဖြစ်၊ စစ်တပ်ကမူ ရန်ဖြစ်နေ၍ သေနတ်ဖောက်လူစုခွဲဟု လိမ်လည်

Must read

ရန်ကုန်၊ ဧပြီ ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနား လမ်းလျှောက်သင်္ကြန်တွင် ယနေ့ ညနေပိုင်း သေနတ်ပစ်ဖောက်မှုမှာ စစ်သားနှင့်ရဲများ မူးရူး ကခုန်ရာမှ သေနတ် ကျည်များပေါက်ထွက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြ သ ည်။

“စစ်ခွေးလား ရဲခွေးလားမသိဘူး။ မူးကြောင်မူးကြောင်နဲ့ ကခုန်ရင်း သူတို့ကိုင်ထားတဲ့‌သေနတ်ကကျည်ထွက်သွားတာကစသွားတာပါ။ အရင်ရက်တွေက အပျော်အပါးမရှိတဲ့ မြစ်ကြီးနားမြို့ စစ်ခွေးဘောမ၊ ၅၀၀၀ စား တွေလည်း ပြေးလိုက်ကြတာ တန်းနေတာပဲ။ ဈေးသည်တွေလည်း အသက်လုပြေးရတာနဲ့ အရင်းရှုံးကြတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်စစ်ကောင်စီဘက်မူ လမ်းလျှောက်သင်္ကြန်တွင် ယနေ့ ညနေပိုင်းက လူငယ်အချင်းချင်း ခိုက်ရန် ဖြစ်ပွားသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူ များက လူစုခွဲဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ခိုက်ရန်ဖြစ်ပွားမှုအား တာဝန်ရှိသူများက ဖျန်ဖြေပေးသော်လည်း မရသဖြင့် လုံခြုံရေးအဖွဲ့က သေနတ်ဖြင့် မိုးပေါ်ထောင်၍ ပစ်ဖောက်လူစုခွဲခဲ့ပြီး၊ လမ်းလျှောက်သင်္ကြန်အား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း သတင်းထုတ်ပြန်သည်။

ထို့ပြင် ဧပြီလ ၁၄ ရက်နေ့ ည ၈ နာရီဝန်းကျင် မြောက်ပိုင်းတိုင်း ၃၇ တပ်ရင်းကို ၄၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ၊ ယမန် နေ့ညပိုင်း ပစ်ခတ်မှုကြောင့် ယနေ့ နံနက်တည်းက ၃၇ တပ်လမ်းဆုံတွင် အများ ပြည်သူများကို သေနတ်ထောက်၍ အစစ်အဆေးကြမ်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဗဟိုသင်္ကြန်မဏ္ဍပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article