ရန်ကုန်၊ ဧပြီ ၁၅
မကွေးတိုင်း ပခုက္ကူ နည်းပညာ တက္ကသိုလ် အနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ယနေ့ ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၂နာရီ ၃ဝမိနစ်တွင် ကာကွယ်ရေး တပ်ဖွဲ့များက ၆ဝ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း Earthquake People’s Defence Force – UG တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များသည် မြိုင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊ Young Force -UG ၊ PW Generation နှင့် Earthquake People ‘s Defence Foce-UG တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက် ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည့် စစ်သား တချို့ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။