25 C
Yangon

မြဝတီ၊ ရွှေကုက္ကိုလ်အခြေစိုက် တပ်ရင်း (၁၀၁၈) မှ တပ်သား ၂ ဦး လက်နက်အပြည့်အစုံဖြင့် KNU တပ်မဟာ ၅ ထံ အလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၁၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်အခြေစိုက် နယ်ခြားစောင့်တပ်ရင်း (၁၀၁၈) မှ တပ်သား စောသခလေးနှင့် စောအယ် တို့နှစ်ဦးသည် သေနတ် ၂ လက်၊ ကျည်ဆံများနှင့်အတူ KNLA တပ်မဟာ ၅၊ တပ်ရင်း ၁၀၂၊ တပ်ခွဲ ၄ ထံ အလင်းဝင် ခိုလှုံလာကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

အဆိုပါ BGF တပ်သား ၂ ဦးသည် ညီအစ်ကို တဝမ်းကွဲများဖြစ်ကြောင်း M16 အမျိုးအစား ရိုင်ဖယ်သေနတ် ၂ လက်၊ ကျည်ဆံ ၂၀၃ တောင့်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

BGF တပ်သား ၂ ဦးသည် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) က စစ်အင်အားတိုးချဲ့စဉ် ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရသူများဖြစ်ကြောင်း
ယခုလို သကြန်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များစီစဉ်ထားသည့် လူအင်အားပြရန်အတွက် တပ်တွင်းရှိရဲဘော်များကိုပါခေါ်ယူအားဖြည့်စေလွှတ်ချိန်တွင် အခွင့်ကောင်းယူကာ ထွက်ပြေးလာခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၅ ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article