ရန်ကုန်၊ ဧပြီ ၁၉
ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်း စက်သုံးဆီ ကြိတ်ကြိတ်တိုးဝယ်ယူနေကြပြီး ဓာတ်ဆီဆိုင်များတွင် ကားတန်းကြီးများက ရှည်လျားလွန်းလှနေကြောင်း သိရှိရသည်။
ဆီဆိုင်များမှ ဆီကြိတ်ကြိတ်တိုး ဝယ်ယူကြသူများတွင် ပြည်သူများသာမက မြန်မာနိုင်ငံ အခြေစိုက် UN ကုလသမဂ္ဂသံရုံးကားများပါ ယောက်ယက်ခတ် ဆီ ဝယ်ယူနေကြသည်ကို မြင်တွေ့ရကြောင်း ဆီဝယ်ကြသူများထံမှ သိရှိရသည်။
ယခုတင်ပြမည့် ပုံများမှာ အနယ်နယ်အရပ်ရပ်မှ ပြည်သူများပေးပို့လာသော စက်သုံးဆီဆိုင်ဝန်းကျင်အခြေအနေများဖြစ်ပြီး ပြည်သူများ သိရှိနိုင်စေရန် ပြန်လည် ဖော်ပြခြင်းဖြစ်ကာ မူလရိုက်ကူးသူများကို Credit ပေး၍ ဖော်ပြအပ်ပါသည်။
Photo-CJ



