26 C
Yangon

ဘားအံ၊ ဝါးဘိုးတောဂိတ်ကို KNLA ဝင်ရောက် ပစ်ခတ်ခံစဉ် စစ်သားများ ပုန်း အောင်းနေ၊ ရဲတပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-သထုံ ကားလမ်း၊ ဝါးဘိုးတောလမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို KNLA ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၈ နာရီ ၅၀ ခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရဲတပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးကြောင်း၊ စစ်သား ၅ ဦးမှာ ပြန်လည် ပစ်ခတ်ခြင်းမပြုဘဲ ပုန်းအောင်းနေခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဝါးဘိုးတောဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး ရှိပြီး သေဆုံးသူများမှာ ရဲတပ်ကြပ်ကြီး ၁ ဦး၊ ရဲဒုတပ်ကြပ် ၂ ဦး၊ ရဲတပ်သား ၁ ဦဂ၊ ပျူဒလန် ၂ ဦး၊ စုစုပေါင်း ၆ ဦးသေဆုံးခဲ့ကြောင်း၊ ရဲ ၁ ဦးမှာ အိမ်သာ သွားနေ၍ လွတ်မြောက်သွားခဲ့ကြောင်း၊ စစ်သား ၅ ဦးလည်း ရှိနေခဲ့ပြီး ပြန်လည် ပစ်ခတ်ခြင်းမရှိဘဲ ပုန်းအောင်းနေကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေအတွင်းတည်ရှိပြီး ဝါးဘိုးတောလမ်းခွဲသည် ဘားအံမြို့မှ ကမမောင်းနှင့် ဖာပွန်မြို့သို့ ဆက်သွယ်ထားသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article