32 C
Yangon

ကလေးမြို့၊ စစ်ရုံးမှ တပ်ကြပ်ကြီးစာရေး ၁ ဦး CDM – Siyin ထံ လာရောက်ခိုလှုံ

Must read

ရန်ကုန်၊ ဧပြီ ၁၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရုံးမှ တပ်ကြပ်ကြီးအဆင့်ရှိ စာရေး ၁ ဦးသည် ၎င်း၏ အမျိုးသမီးနှင့်အတူ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ Civic Defense Militia – Siyin နှင့် ချိတ်ဆက်ပြီး ပြည်သူ့ဘက်မှ ရပ်တည်လာကြောင်း သတင်းရရှိသည်။

” CDF (CDM-Siyin) အဖွဲ့ထံ CDM ဝင်လာသော တပ်ကြပ်ကြီး စာရေးပါ၊ အခုတော့လွတ်မြောက်နယ်မြေရောက်ပါပြီ” ဟု CDM – Siyin က ထုတ်ပြန်ထားသည်။

CDM – Siyin နှင့် ချိတ်ဆက်ပြီး ပြည်သူ့ဘက်မှ ရပ်တည်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်ရှိကြောင်း သိရှိရပြီး နိုင်ငံတဝန်း ပြည်သူ့ဘက်မှ ရပ်တည်ကာ CDM ပြုလုပ်လာသူ ၁၀,၀၀၀ ဝန်းကျင်ရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article