29 C
Yangon

တောင်ဥက္ကလာတွင် Taxi တစ်စီးကို စစ်ကားဖြင့် တိုက်ပြီး ကားပေါ်ပါ လူငယ် ၃ ဦးကို ဖမ်းဆီး၊ ဖမ်းဆီးရမိ လူငယ်များကို ကားပေါ်တွင် ရိုက်နှက်ပြီး မျက်နှာကို စစ်ဖိနပ်ဖြင့်နင်းထားဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၂၀

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာ ၃၁ ကားဂိတ်အနီးတွင် ယနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်အချိန် Taxi တစ်စီးကို စစ်ကားဖြင့် တိုက်ပြီး ကားပေါ်ပါ လူငယ် ၃ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အခု ညနေ ၄ခွဲလောက်က မြင်သာ ၃၁ ကားဂိတ်မှတ်တိုင်မှာ လူငယ် ၃ ယောက် အဖမ်းခံလိုက်ရတယ်။ Taxi ကားပေါ် တက်ပြေးတဲ့အချိန် ကားချင်းတိုက်ပြီး ဖမ်းလိုက်တာ။ မိသွားတယ်။ မိန်းကလေး ၂ယောက် ယောကျ်ားလေး ၁ ယောက်။ ၃ ဦးတော့ အဖမ်းခံရတာတွေ့တယ်”ဟု မျက်မြင်တွေ့ရှိရသူ ပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်ကင်းထောက်အဖွဲ့လည်း လူငယ် ၃ ဦး တောင်ဥက္ကလာ မြင်သာမှတ်တိုင်တွင် ကားချင်းတိုက်၍ ဖမ်းဆီးခံရကြောင်းကို အတည်ပြုပြီး စစ်သား ၆ ဦးက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အတည်ပြုသည်။

“ကားပေါ်မှာ စစ်ခွေးက ဖမ်းမိတဲ့ လူငယ်တစ်ဦးရဲ့ ခေါင်းကို စစ်ဖိနပ်နဲ့ တက်နင်းနေတာ။ အာ့ခွေးမျိုးတွေ” ဟု မျက်မြင်တွေ့ရသူ ပြည်သူတစ်ဦးက ရှင်းပြသည်။

ရန်ကုန်တွင် တော်လှန်လူငယ်များက ယနေ့ ဧပြီလ ၂၀ ရက် မွန်းလွဲပိုင်းတွင်ပြုလုပ်သော အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး သပိတ်စစ်ကြောင်းကို စစ်ကောင်စီက ကားဖြင့်တိုက် ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခံရသူအချို့ရှိကြောင်း သတင်းရရှိသည်။

‘အဓမ္မဘက်က ယုတ်မာနေပြီ ဓမ္မတွေ ပြတ်သားကြလော့’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ချေမှုန်းရေး သပိတ်မှောက်နေချိန်တွင် အကြမ်းဖက်စစ်တပ်ကာ ကားဖြင့်တိုက်ကာ ဖမ်းဆီးခြင်း ဖြစ်သည်ဟု သပိတ်စစ်ကြောင်းတွင် ပါဝင်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article