ရန်ကုန်၊ ဧပြီ ၂၀
CDM ဆရာ၊ ဆရာမများကို ချေးငွေဆပ်ရန် ဖိအားပေးခြင်း၊ CDM ဘဏ်ဝန်ထမ်းများကို ဖိနှိပ်ခြင်းနှင့် စစ်တပ်ဆန့်ကျင်သူများကို နှိပ်ကွပ်ခြင်းကြောင့် ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်းကို ရှင်းလင်းခြင်းဖြစ်ကြောင်း ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ)က သတင်းထုတ်ပြန်သည်။
ဧပြီလ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲကျော်အချိန် ဒဂုံတောင်မြိုနယ်၊ ၁၉ ရပ် ကွက်၊ မောင်းမကန်လမ်း၊ ကမ္ဘာရတနာ့ဘဏ် (မောင်းမကန်ဘဏ်ခွဲ)ရှေ့တွင် ဘဏ်မန်နေဂျာ စောမိုးဝင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ရရှိသောဒဏ်ရာဖြင့် သွေးထွက်လွန်သေဆုံးသွားကြောင်း သိရှိရသည်။
ဒဂုံတောင်မြိုနယ်၊ (၁၉)ရပ်ကွက်၊ မောင်းမကန်လမ်း၊ ကမ္ဘာရတနာ့ဘဏ် (မောင်းမကန်ဘဏ်ခွဲ) သို့ ဘဏ်မန်နေဂျာ စောမိုးဝင်းသည် ၎င်းနေထိုင်ရာ လှိုင်မြို့နယ်မှ ဘဏ်ခွဲရှိရာသို့လာရောက်စဉ် ကားပေါ်မှ အဆင်း ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ဝမ်းဗိုက်တွင် နှစ်ချက် ကျည်ထိမှန်ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရှိရသည်။
ဘဏ်မန်နေဂျာ စောမိုးဝင်းသည် OTS ကျောင်းဆင်း ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) တစ်ဦးဖြစ်ပြီး အသက် ၄၉ နှစ်ရှိနေပြီဖြစ်သည်။