29 C
Yangon

ရန်ကုန်ရှိ လေတပ်ဝန်ထမ်းအိမ်ရာနှင့် မြောက်ဥက္ကလာလူမှုဝန်ထမ်းရုံးအနီး ဗုံးကွဲပြီး စစ်သား ၁ ဦး သေဆုံးနိုင်၊ ဝန်းသိုတွင် စစ်တပ်အသေကြမ်းပြီး သေဆုံးမှု ၂၆ ဦးအထိရှိ ၊ မြင်းခြံအမှတ် ၁ ရဲစခန်း ဗုံးပစ်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ မတူပီတွင် ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၈ ဦးသေဆုံး

Must read

By ရန်ကုန်ခေတ်သစ်

ရန်ကုန်ရှိ လေတပ်ဝန်ထမ်းအိမ်ရာလုံခြုံရေးကင်းတဲကို ယနေ့ည ၇ နာရီ ၃၀ မိနစ်အချိန် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးနိုင်ကြောင်း မျက်မြင်တွေ့ရှိရသူ ရန်ကုန်မြို့ခံများက ပြောသည်။

ဧပြီလ ၂၀ ရက်နေ့ ည ၇ နာရီခွဲအချိန် အင်းစိန်မြို့နယ်၊ ဂျပန်လမ်းအနီးတွင် ပေါက်ကွဲသံထွက်ပေါ်လာကြောင်း၊ အဆိုပါပေါက်ကွဲမှုသည် လေတပ်ဝန်ထမ်းအိမ်ရာ လုံခြုံရေးကင်းတဲမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး လုံခြုံရေးကင်းတဲမှာ စစ်သား ၁ ဦး ပက်လက်ဖြစ်သွားပြီး ကားပေါ်သို့ ဆွဲတင်နေရမှုကို မြင်တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီည ၇ ခွဲလောက်က ထန်းပင်ကုန်းမီးပွိုင့်မှာ မီးပွိုင့်စောင့်နေတုန်း အုန်းဆိုတဲ့အသံအကျယ်ကြီးတစ်ချက်ကြားလိုက်ရတယ်။ ဂျပန်လမ်းထဲရောက်တော့မှ လေတပ်အရာရှိဝန်ထမ်းအိမ်ရာရဲ့ ကင်းတဲပေါ်ကနေ စစ်ခွေးတစ်ကောင်ကို ဆွဲချနေတာတွေ့လိုက်ရတယ်။ ကင်းတဲလည်း ရွဲ့စောင်းသွားတယ်။ တစ်ကောင်တော့ မသာပေါ်သွားပြီထင်တယ်။ဖမ်းဆီးသတင်းတော့ မကြားရဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဒ (၁၇) ရပ်ကွက် လှော်ကားလမ်းမကြီးပေါ်ရှိ လူကယ်ပြန်ရုံးတွင် တပ်စွဲထားသော နေရာတွင်လည်း ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီ ၂၁ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နောက်ဆက်တွဲ အခြေအနေများ မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

မြင်းခြံ အမှတ် ၁ ရဲစခန်း ဗုံးပစ်ခံရပြီး စစ်သား ၂ ဦးသေဆုံး
================================

မန္တလေးတိုင်းမြင်းခြံမြို့တွင် ဧပြီလ ၂၀ ရက်နေ့တွင် အမှတ် ၁ ရဲစခန်းကို PDF စုပေါင်းတပ်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးကြောင်း ၊ တိုက်ခိုက်မှုကို MG6 ပြောက်ကျားတပ်(မြင်းခြံ)၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ (မြင်းခြံ) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင် (အမှတ်၅)က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

မတူပီတွင် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား ၈ ဦးသေဆုံး
=================================

ချင်းပြည်နယ်၊ မင်းတပ်-မတူပီလမ်းမတွင် မတူပီအခြေစိုက် ခမရ (၃၀၄)တပ်ရင်းအောက်ခံ စစ်ကောင်စီတပ်နှင့် မတူပီ CDFတို့ ဧပြီလ ၂၀ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၈ဦးသေဆုံးကာ ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း CDF မတူပီက သတင်းထုတ်ပြန်သည်။

ဝန်းသိုတွင် စစ်ကောင်စီတပ် အသေကြမ်းနေပြီး ၁ပတ်အတွင်း စစ်သား ၂၆ ဦးသေဆုံး
==========================================

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ၊ ဂျိုးတောင်ကျေးရွာအနီးဖြစ်ပွားနေသော PDF မဟာမိတ်တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်များ၏ တိုက်ပွဲများသည် ၁ ပတ်ခန့်ကြာမြင့်လာပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ၂၆ ဦးသေဆုံးကြောင်း ကောလင်းခရိုင် PDF တပ်ရင်း ၁ ခေါင်းဆောင်၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သတင်းပေးပို့သည်။

“ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာအနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက် ၂၀ သေဆုံးတယ်။ အများ အပြားဒဏ်ရာရတယ်။ အတိအကျဆိုရင်တော့ စစ် တပ်က ၂၀ ကျတယ်။ ၄၀ နီးပါး ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်နေတာ ၁ပတ်ခန့်ကြာမြင့်နေပြီ။ ရှေ့ရက်တွေကလည်း စစ်တပ်ဘက်က ၆ဦး လောက်ကျထားတယ်။ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်နေတာပါ။ တိုက်ပွဲဖြစ်နေတဲ့အနားက ရွာပေါင်း ၆ရွာရှိတယ်။ အဲဒီရွာတွေက ပြည်သူ ၁ သောင်းလောက် စစ်ဘေးရှောင် နေရတယ်” ဟု ကောလင်းခရိုင် PDF နှင့်နီးစပ်သော ဒေသသတင်းရင်းမြစ်က ပြောသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။

Photo – Agencies။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article