29 C
Yangon

ဒီပဲယင်း ညောင်လှရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် မီးထပ်ရှို့နေ

Must read

ရန်ကုန်၊ ဧပြီ ၂ဝ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ညောင်လှ ကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဧပြီလ ၂ဝ ရက်နေ့ ညနေပိုင်းတွင် ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ညောင်လှ ကျေးရွာကို ယနေ့ နံနက် ၇ နာရီ ဝန်းကျင်ခန့်မှ စတင်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ညနေ ၆နာရီခန့်တွင် ဒုတိယ အကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

” ဒီနေ့ နံနက် ၇နာရီတည်းက ရွာကိုဝင်စီးပြီး ဖျက်ဆီး မီးရှို့နေတာ အခု ညနေပိုင်းလည်း ထပ်ရှို့နေတယ်။ စစ်ခွေးတွေက ကင်းပုန်းတွေ အများကြီးချထားတယ်။ ရွာနားကို သွားလို့ကိုမရတာ သေနတ်တွေလည်း ဆက်တိုက်ကို ဖောက်နေတာ ပျက်စီးဆုံးရှုံးမှုနဲ့ ရွာထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ အသေးစိတ်ကို ပြောလို့ မရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ညောင်လှ ကျေးရွာ အနီးအနားရှိ ဝဲကြီး ၊ သရက်တော ကျေးရွာများတွင်ပါ ကင်းပုန်းများချကာ တပ်စွဲထားပြီး ကျေးရွာများ အနီးအနားသို့ လာရောက်သူ အချို့ကို ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article