By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၂၁ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ဝန်းသိုမြို့နယ် ၊ ဂျိုးတောင်ကျေးရွာအနီးမှာ PDF မဟာမိတ်တပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတာ တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၂၆ ဦးသေဆုံး ခဲ့တယ်လို့ ကောလင်းခရိုင် PDF တပ်ရင်း ၁ ခေါင်းဆောင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို သတင်းပေးပို့ပါတယ်။
– မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ကျောက်အိုးရွာမှာ အကြမ်းဖက်စစ်တပ်က ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အပြင် ဘုန်းကြီးကျောင်းကိုပါဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
– မွန်ပြည်နယ် ဘီးလင်းမြို့နယ် KNU တပ်မဟာ ၁ နယ်မြေအတွင်းမှ စစ်ကောင်စီတပ်တွေထွက်ခွာဖို့ KNDO ကအမိန့်ပေးစာထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေ ကိုတင်ဆက် ပေးပါမယ်။