25 C
Yangon

မကွေးတွင် စစ်ကောင်စီခန့် ရွာ ၇ ခု၏ အုပ်ချုပ်ရေးမှူး စပု ကို “မင်းလားကွ အုပ်ချုပ်ရေးမှူး”ဟုဆိုပြီး ပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံး၊ မုံရွာသပိတ်ရဲဘော် ၅ ဦး ပစ်သတ်ခံရမှုတွင် သတင်းပေးသည့် ဒလန် ၂ ဦး ရှင်းလင်းခံရ

Must read

ရန်ကုန်၊ ဧပြီ ၂၁

မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စုမှ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သတင်းပေးဒလန်ဟု သတ်မှတ်ခံထားရသူ စံမူ (ခ) စပု ကို ယနေ့ ဧပြီလ ၂၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဒေသကာကွယ်ရေးပြောက် ကျားတပ်ဖွဲ့များက ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။

စပုသည် ကြာကန်၊ ကြာကန်ရွာသစ်၊ ပုဂံမျှော်၊ လေးအိမ်၊ ကြူချောင်း၊ ကြူချောင်းရွာသစ်၊ ကြို့ပင်အင်း ရွာ ၇ ခု၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး သေနတ်သမားများက လာရောက်ပစ်ခတ်စဉ် စံပုကို “မင်းလားကွ အုပ်ချုပ်ရေးမှူး”ဟုဆိုကာ ကြွေးကြော် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီသတင်းပေး ကြာကန်အုပ်စုအတွင်းရှိ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခိုင်းကာ ငွေညှစ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြောက်ကျားအဖွဲ့များက အကြိမ်ကြိမ် သတိပေးတားမြစ်ပေမယ့် ဆက်လုပ်နေခြင်းကြောင့် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ရှင်းလင်းမှုကို ဗိုလ်မထား ကျေးရွာပေါင်းစုံ PDF၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့ (နတ်မောက်)၊ PDF ပြောက်ကျားတပ်ဖွဲ့ (မကွေး)မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မုံရွာပင်မသပိတ်စစ်ကြောင်း လုံခြုံရေးအတွက် ပွိုင့်ကင်းမှ ရဲဘော်ငါးဦနေရာကို ဒလန်လုပ်ကာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို သတင်းပေးခဲ့သည့် နေလင်းထွန်းနှင့် ကျောင်းဆရာတင်ဝင်းကို ရှင်းလင်းခဲ့ကြောင်း Special Forces 11 က သတင်းထုတ်ပြန်သည်။

မိုးညှင်းကျေးရွာနေ ရဲတပ်ဖွဲ့ဝင်ဟောင်း နေလင်းထွန်းကို ဧပြီလ ၁၇ ရက် ညနေပိုင်းတွင် ရှင်းလင်းခဲ့ပြီး ကူတောပလ္လင်ရွာတွင်နေထိုင်သော ဒလန်အကြီးစား ကျောင်းဆရာ တင်ဝင်းကို ဧပြီ ၁၈ ရက် ညနေ ၃ နာရီခန့်တွင် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဒလန်များ၏ သတင်းပေးမှုကြောင့် ဧပြီလ ၁၇ ရက် နံနက်တွင်ချီတက်ခဲ့သော မုံရွာပင်မသပိတ်စစ်ကြောင်း လုံခြုံရေးအတွက် လမ်းပိုင်းအလိုက် ပွိုင့်ကင်းတာဝန်ဆောင်ရွက်နေသည့် ပွိုင့်ကင်းနေရာတစ်ခုသည် နံနက် ၈နာရီဝန်းကျင်ခန့်တွင် တောပုကျေးရွာမှ ပျူစောထီးများ၏ အလစ်အငိုက် ဝင်ရောက်စီးနင်းခြင်းခံခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article