32 C
Yangon

ယောနယ်တွင် စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ကျော်ရှိနေပြီး အစာရေစာ၊ ဆေးဝါးများ လိုအပ်လျှက်ရှိနေ

Must read

ရန်ကုန်၊ ဧပြီ ၂၂

မကွေးတိုင်း၊ ယောဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ၏ အကြောင်းမဲ့ပစ်ခတ်ဖမ်းဆီးမှုများ၊ နေအိမ်များကို မီးတင်ရှို့ ဖျက်ဆီးမှုများကြောင့် တောတောင်အတွင်း ပုန်းအောင်းနေကြရသည့် စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ကျော်ရှိနေကြောင်း ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ကော်မတီ (YRCIDP) က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ စစ်သားများ၏ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အများပြည်သူနေအိမ်ပေါင်း ၅၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း YRCIDP က ဆိုသည်။

“ကျနော်တို့ ယောနယ်က စစ်ရှောင်တွေအတွက် ဆေးဝါး၊ အစားအစာ၊ သန့်ရှင်းတဲ့ရေ ရဖို့ အရမ်းခက်ခဲနေပါတယ်၊ ပြည်သူတွေက အိုးအိမ်စွန့်ပြီး တောထဲရှောင်နေကြရတာပါ။ ကျနော်တို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF အဖွဲ့က စစ်ရှောင်တွေကို ရသလောက် ကူညီနေပေမယ့် လုံလောက်မှုမရှိဘူး ဖြစ်နေပါတယ်၊ အကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်” ဟု YDF သတင်းပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိ ယောဒေသတွင် အကြမ်းဖက်စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျှက်ရှိပြီး YDF အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျှက်ရှိသည်။

ယောဒေသရှိ စစ်ရှောင်ပြည်သူများသည် အရေးပေါ်အကူအညီများ လိုအပ်နေပြီး ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ကော်မတီ (YRCIDP) စာမျက်နှာမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း YDF က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article