ရန်ကုန်၊ ဧပြီ ၂၂
မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်း ဘို့မယ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၁ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၅ဝကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်သည် ဝန်ခြုံးနှင့် ပင်ထောင်ရွာမှ ပျူစောထီး အဖွဲ့များ လမ်းပြမှုဖြင့် ရောက်ရှိလာကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” ဝန်ခြုံးနှင့် ပင်ထောင်ရွာမှ ပျူစောထီးတွေနဲ့ စစ်ခွေးတွေက လိုက်လာတာ ရွာထဲမှာရှိတဲ့ ပြည်သူပိုၤ ပစ္စည်းတွေကိုလည်း ဖျက်ဆီးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်။ နေအိမ် ၅ဝ ကျော်လောက် မီးလောင်ပြာကျသွားတယ်။ ဒေသခံတွေက အခုထိ ရွာထဲကို ပြန်မဝင်ရဲသေးဘူး”ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်တွင် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသော်လည်း ဒေသခံပြည်သူများသည် ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်နေထိုင်ခြင်း မရှိသေးကြောင်း သိရသည်။
Photo – ပေါက်တောင်ပိုင်းပြောက်ကျားတပ် (S.P.G.F)



