ရန်ကုန်၊ ဧပြီ ၂၃
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့မှုဖြင့် အဆိုတော်အောင်လနှင့် အဆိုတော်၀ိုင်းစုခုသိန်းတို့ကို စစ်တပ်နှင့်ရဲက ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ခံဝန်ဖြင့် နှစ်ဦးစလုံးကို ပြန်လည် လွတ် မြောက် လာကြောင်း သိရှိရသည်။
ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီချိန်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၄ ရပ် ကွက် သရဖီ (၅)လမ်းတွင် နေထိုင်သော အဆိုတော် အောင်လ (ခ) ဇွန်ရဲအောင်လနှင့် မဝိုင်းစုခိုင်သိန်း တို့ကို စစ်တပ် တပ်မ ၂ ၊ နည်း ဗျူဟာ ၃ ၊ တပ်ရင်း ၁၄ မှ ဒုတိယဗိုလ်မှူးကြီး သန့်ဇော် ဦးဆောင်သော စစ်တပ်နှင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးရသည့်အကြောင်းအရင်းမှာ ရွှေဘ TELEGRAM အကောင့်က အဆို တော်အောင်လနှင့်၀ိုင်းစုခိုင်သိန်းတို့သည် စစ်တပ် ဆန့်ကျင်သူများဖြစ်၍ ဖမ်းဆီးရန် လှုံ့ဆော်ခြင်းကြောင့်ဖြစ်ပြီး ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံခဲ့ရကြောင်း သိရှိရသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အစပိုင်း ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပါဝင်ခြင်းမရှိ၍ နောက်နောင် နိုင်ငံရေးနှင့်ပတ်သက်၍ Online ပေါ်တွင် ရေးတင်ခြင်း မပြုလုပ်ရန် ဝန်ခံကတိဖြင့် အဆိုတော်နှစ်ဦးစလုံး ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အဆိုတော်အောင်လနှင့် အဆိုတော်၀ိုင်းစုခိုင်သိန်း။
Photo- Win Su Khine Thein Facebook