32 C
Yangon

မြိုင်မြို့နယ်တွင် “ဘုံရန်သူကိုမျက်ခြေမပြတ်စေနဲ့ တော်လှန်ရေးကိုအာရုံစိုက်ကြ တော်လှန်ရေးပီသအောင် အားစိုက်ကြ” ကြွေးကြော်ချီတက်

Must read

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ “ဘုံရန်သူကိုမျက်ခြေမပြတ်စေနဲ့_တော်လှန်ရေးကိုအာရုံစိုက်ကြ_တော်လှန်ရေးပီသအောင်အားစိုက်ကြ´´ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆည်းဆာသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကာ သပိတ်ကော်မတီဝင်တစ်ဦးက သပိတ်တရားများ ဟောပြောသည်။

“နိုင်ငံရေးဆိုတာက ဒို့နဲ့မဆိုင်ဘူး၊ ဒို့က ဘယ်ဖက်မှ မပါဘူးဆိုသူတွေရဲ့ အိမ်တံခါးကိုလည်း အာဏာရှင်စနစ်က ကောင်းကောင်းကြီး ရိုက်ခတ်၊ လှုပ်နှိုး‌နေပြီဖြစ်ပါတယ်။အဖိနှိပ်ခံပြည်သူအားလုံး မတရားမှုအောက်မှာ နေသားမကျဘဲ တော်လှန်ရေးစိတ်ဓာတ်အပြည့်နဲ့ အစွမ်းကုန်တော်လှန်တိုက်ပွဲဝင်ကြပါ။သွေးကြွေးကို သွေးနဲ့ပဲ ပြန်ဆပ်မယ်။အာဏာရှင်စနစ်ရဲ့ ခါးသီးလှတဲ့ ဆိုးကျိုးတွေကို နောက်မျိုးဆက်တွေမခံရလေအောင် အမြစ်ပြတ်သည်အထိ တော်လှန်တိုက်ဖျက်ကြရမယ်။အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေးအတွက် ဘယ်တော့မှသွေးမအေးပဲ ရရာနည်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်ကြရမယ်။ပြည်သူ့အာဏာပြည်သူ့လက်ဝယ် ပြန်မရောက်မချင်း ဘယ်တော့မှသွေးအေးမသွားကြနဲ့။အာဏာရူးစစ်အုပ်စုနဲ့အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင်ချေမှုန်းပစ်ကြရမယ်မယ်။ငါတို့တွေရဲ့ အသက် ၊ သွေး ၊ ချွေးတွေနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို အတူတကွ တည်ဆောက်ကြပါစို့” ဟု သပိတ်ဦးဆောင်သူက ဟောပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article