32 C
Yangon

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီတွင် တော်လှန်ရေးရန်ပုံငွေပွဲတော် ဒေါ်လာ ၁ သိန်းခွဲနီးပါး ရရှိ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်

Must read

ရန်ကုန်၊ ဧပြီ ၂၅

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်တွင် ဧပြီလ ၂၄ ရက်နေ့ (မြန်မာစံတော်ချိန် ဧပြီလ ၂၅ ရက်နေ့) ကျင်းပသည့် နွေဦးတော်လှန်ရေးရန်ပုံငွေပွဲတော်တွင် အမေရိကန် ဒေါ်လာ ၁ သိန်းခွဲနီးပါး ရရှိကြောင်း သိရှိရသည်။

(Helping Hands for Burma) နွေဦးအတွက် ကမ်းလက်များ အဖွဲ့ က ဦးစီး ပြီး မြန်မာ့နှစ်သစ်ကူး ရန်ပုံငွေ စျေးပွဲတော် ကို အမေရိကန်ပြည်ထောင်စု လောကချမ်းသာစေတီတော် နယူးဂျာစီ ပြည်နယ် တွင် ဧပြီ ၂၄ ရက်နေ့ တနင်္ဂနွေနေ့တွင် ၁၂နာရီမှ ၄ နာရီ ထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ပုံငွေ ဈေးရောင်းပွဲတော်နှင့် အတူ ငွေတိုက်စာချုပ်ရောင်းချပွဲ (Bond) နှင့် ပြည်သူ့တော်လှန်ရေးထောက်ပို့ မိသားစုဝင် (People’s Revolution Supply Family) များဖြစ်ရေး တိုက်တွန်းမှုများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါတော်လှန်ရေးရန်ပုံငွေ ပွဲတော်တွင် ငွေတိုက်စာချုပ် Bond ရောင်းရငွေ ဒေါ်လာ ၁၀၁၅၀၀ နှင့် အစားအသောက်ရောင်းချမှုမှ ဒေါ်လာ ၄၁၃၆၀ စုစုပေါင်း ဒေါ်လာ ၁၄၂၈၆၀ ရရှိခဲ့ကြောင်း သိရှိရသည်.

အဆိုပါပွဲတော်တွင် မြန်မာအစားအစာ အမျိုးပေါင်း၆၀ ကျော် နှင့် မြန်မာ့ အမှတ်တရ ပစ္စည်းများ ရောင်းချခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ငွေတိုက်စာချုပ် ကိုဝယ်ယူသည့်အပြင် တတတ်တအား ကူညီရောင်းချပေးခဲ့ကြောင်း၊မြန်မာပြည်ဖွားတိုင်းရင်းသား ၁၅၀၀ ကျော် လာရောက်ဝယ်ယူ စားသုံး လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article